Chapter(14)

10.3K 1.1K 26
                                    


//////Unicode/////

"ဦးလေး....အဟိ"

ရီပေါ်က စာစရာထုပ်များကိုမြှောက်ပြရင်းအိမ်တော်ထိန်းကြီးဆီလှမ်းပေးလိုက်သည်။

"ဘယ်တွေသွားနေတာလဲ????
သခင်မလေးရဲ့ ၊ သခင်လေးတောင်ခုနက
ဖုန်းဆတ်တယ်"

ဖိနပ်ကြိုးဖြေနေတယ့် ရီပေါ့် လက်တွေကဆတ်ခနဲတုန်တတ်သွားကာ

"ဟမ်...အဲ့ဒါဆို ဦးလေးကဘာပြောလိုက်လဲဟင်??? Honey အပြင်သွားတယ်လို့ပြောလိုက်သေးလား"

အိမ်တော်ထိန်းကြီးမှာ ရှေ့ကပြာလောင်ခပ်နေသော လူသားလေးကိုကြည့်ရင်း ခပ်ဖွဖွပြုံးသည်။ အရင်က အိမ်ကိုတောင်အိမ်လိုမမှတ်တယ့် သခင်လေးက Honeyဆိုတယ့်မိန်းကလေး ရောက်လာမှပြောင်းလဲသွားခဲ့သည်မဟုတ်လား????

ထိုလူသားနှစ်ယောက် အဆင်ပြေတာဘဲမြင်ချင်တာက မိမိဆန္ဒပင်ဖြစ်လိမ့်မည်။ ကိုယ်လဲ အသက်ကြီးနေပြီလေ။

"ဦးလေး...."

"အာ...Sorryပါ သခင်မလေး၊
ဦးလေး လိမ်ပြောလိုက်တယ်၊
ဒါနဲ့ ညကြီးအချိန်မတော်သခင်မလေးက ဘယ်သွားတာလဲ???"

အရင်က နည်းနည်းထူပေမယ့် ဝမ်ရီပေါ်တို့ကတော့ ခုတော့နည်းနည်းလည်လာပြီ။ မျက်နှာကိုတတ်နိုင်သလောက်ငယ်ချလိုက်ပြီး...

"ဦးလေး စဥ်းစားကြည့်လေ၊
Honey က အိမ်ထဲမှာချည်းနေနေရတာ၊
မပျင်းဘဲ နေမလား???"

အိမ်တော်ထိန်းကြီးက ခေါင်းညိမ့်ပြတာမို့ ရီပေါ်ကဆက်ပြီး

"အဲ့ဒါကြောင့် မုန့်သွားစားတာ"

"ဪ"

နှစ်ယောက်သားစကားတစ်ပြောပြောနဲ့ လျောက်လာပြီးဧည့်ခန်းထဲမှာထိုင်ဖြစ်ကြသည်။

"သခင်မလေးကို သခင်လေးကသိပ်ချစ်ပုံပဲ"

ရီပေါ် ခပ်ရို့ရို့သာပြုံးနေလိုက်သည်။ ဘာရယ်မဟုတ် ချစ်တယ် ဆိုတယ့်စကားကဒီအတိုင်းကိုယ့်ကိုပြုံးမိစေလို့။

"ထင်လို့ပါ ဦးလေးရာ "

"သခင်လေးက ဘယ်မိန်းကလေးမှအိမ်ခေါ်လာတာမဟုတ်ဘူး၊ သခင်မလေး ကို ရုတ်တရတ်လက်ထပ်လိုက်တယ်ဆိုတော့ ချစ်လို့ဆိုတာ ကျိန်းသေနေတာဘဲ"

💮"Bunny and Honey"💮{{COMPLETED}}Donde viven las historias. Descúbrelo ahora