part 16

4.8K 915 93
                                    

..Zawgyi

..

ပြုံးမယောင် နှုတ်ခမ်းဖူးဖူးတွေက တစ်ခုခုကိုဆိုနေဟန်ရှိသည်..။
ထိစပ်မတတ် ကိုင်းညွှတ်ထားသော
မျက်ခုံးနက်နက်ကို မှင်အနက်လေးနဲ့ နည်းနည်း ထင်းနေအောင် ထပ်ဆွဲလိုက်တဲ့အခါ
ခဲတရဲ့ ဇာတ်ကောင်လေးဟာ ပို၍ ပီပြင်လာသည်..။

အိုး!!!

ကိုယ့်mangaထဲက ဇာတ်ကောင်ကိုယ်ပြန်ကြိုက်လို့ရလား..

ဖြစ်နိုင်ရင်တော့ အပြင်က လူကြီးကိုပဲဆွဲစားချင်ပေမယ့် ဟင်းဟင်း...

ထိုကဲသို့ ရင်ထဲမှာ အမှောင်ထုလွှမ်းနေသော်လည်း အပြင်မှာထိုင်နေသောခဲတသည် နှုတ်ခမ်းလေးကိုက်ကာ ဖြူစင်သူပုံလေးရှိနေဆဲသာဖြစ်သည်..။

အကုန်ဆွဲပြီးပြီဆိုတော့ companyသို့သွားပို့ရပေတော့မည်..။

ရေကမချိုးလက်စနဲ့မလို့ မချိုးတော့..။
ဒီတိုင်းပဲသွားတော့မည် ဆုံးဖြတ်လိုက်သည်..။

အိတ်တစ်လုံးထဲကို
ဖိုင်တွေကိုအကုန်ထည့်သိမ်းရင်း ခဲတ တစ်ဖက်ခန်းးမှ သူနဲ့အတူဂူအောင်းနေသူ လူသား အား လှမ်းအော်လိုက်သည်..။

"ဆာဝါမူရာ companyကို သွားလိုက်ဦးမယ် ကြားလား ဟေ့
ခရမ်းကောင် ''

..

ပြန်ထူးသံမကြားသည်မလို့ လှမ်းကြည့်လိုက်တော့ မီးရောင်သဲ့သဲ့ ကရှိနေပြန်သည်..။

ဘာလို့များလဲ??

" အဟွတ် ဟွတ်''

ရေချိုးခန်းကြမ်းပြင်ပေါ် ထိုင်လျက်သား ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ ဆာဝါမူရာ..

" မင်း အဆင်ပြေရဲ့လား..''

သွေးစတွေတော့မထွက်လာပေမယ့် မောပန်းတကြီးချောင်းဆိုးနေတဲ့ ပုံစံက နည်းနည်း စိုးရိမ်စရာကောင်းသည်..။

ဆေးလိပ်တွေ ဖြတ်သေးပုံမရ..

" ကျန်းမာရေးဂရုစိုက်ပါဆိုနေကွာ...''

ခဲတကို လှည့်မကြည့်လာတဲ့
ခရမ်းဖျော့ဖျော့မျက်ဝန်းတွေက မကြားသယောင်
ကြားသယောင်..

ပြန်ဆိုးထားပုံရတဲ့ ခရမ်းရင့်ဆံနွယ်တွေက ရှပ်အဝါပေါ် မကျတကျ..

မာယာသီချင်းသည် (Sakura Dancing in the Rain)Where stories live. Discover now