ရိပေါ် ပိတ်စဖြူကို ဆုပ်ရင်းအကြာကြီး ငူငူကြီးရပ်နေမိတယ်။
သူ့နှလုံးသားက ပြောနေတယ်။
သူ့ရှေ့မှာရှိနေတာ ကိုကိုမဟုတ်ဘူးလို့....။ဒါပေမယ့် သူ့စိတ်ထဲမှာ တကယ်ပဲကိုကိုဖြစ်နေမှာကိုလည်း ကြောက်နေမိတယ်...။
ပိတ်စကိုဖွင့်ပြီး ကိုကိုဟုတ်မဟုတ် အတည်ပြုလိုက်ချင်ပေမယ့် သူဖွင့်လည်းမဖွင့်ရဲဘူး....။ဘာပဲဖြစ်နေနေ ဒါဟာသူရင်ဆိုင်ရမယ့်အမှန်တရားတစ်ခုပဲမဟုတ်လား။
တုန်ရီနေတဲ့ လက်အစုံနဲ့ ပိတ်စဖြူကိုဖြည်းဖြည်းချင်းလှပ်လိုက်တယ်။
ဒီအချိန်မှာ သူ့နှလုံးခုန်သံကို သူ့နားထဲကတောင်ပြန်ကြားနေတယ်။
ဘ၀မှာ အကြောက်ရွံ့မိဆုံး အချိန်ပဲ...။ဖြည်းဖြည်းချင်းအောက်ကို ဆွဲချလိုက်တဲ့ ပိတ်စဖြူဖြူရဲ့အောက်မှာ ပထမဆုံးမြင်ရတဲ့ ဆံနွယ်ခပ်နက်နက် ထူအုပ်အုပ်တွေကြောင့် သူ့ရင်ဘတ်တစ်ခုလုံးတင်းကျပ်လာတယ်။ ကိုကို့မှာလည်း ဒီလိုထူအုပ်အုပ်ဆံပင်နက်နက်တွေရှိတယ်.....။
သူ့စိတ်ထဲမှာ ကြောက်ရွံ့မှုက ပိုပိုကြီးစိုးလာတယ်။ သူ့လက်တွေလည်း ပိုပိုတုန်ယင်လာတယ်။ သူဆက်မကြည့်ရဲတော့ဘူး....။
မျက်လုံးကိုအစုံမှိတ်ပြီး ပိတ်စဖြူကိုမျက်နှာအောက်ထိရောက်အောင်ဆွဲချလိုက်တယ်။
ပြီးမှ အားတင်းပြီးမျက်လုံးတွေကိုဖြေးဖြေးဖွင့်ကြည့်လိုက်တယ်....။
သူ့မျက်လုံးထဲဝင်လာတာက ဖြူဖျော့နေတဲ့ခပ်ချောချောမျက်နှာတစ်ခု....။လူကယိုင်ခနဲဖြစ်သွားတာမို့ သူနာပြုတစ်ယောက်က သူ့ကိုပြေးလာထိန်းပေးတယ်။တင်းထားရသမျှ လျှော့ချလိုက်တော့ ခြေထောက်တွေတောင် အားမရှိတော့သလိုပဲ....။
အော်ပရေးရှင်းအခန်းထဲကနေ ယိုင်တိုင်တိုင် ပြန်ထွက်လာတဲ့ ရိပေါ်ကြာင့် ကျိုးချန်မျက်ရည်ထပ်ကျလာပြန်တယ်။
ရိပေါ်ပုံစံက....ဒါ...ဒါ....ရှောင်းကျန့် ..တကယ်....တကယ်ပဲ......။"မဟုတ်ဘူး....."
ရိပေါ်ဆီက ခပ်တိုးတိုးအသံထွက်လာတယ်။
ကျိုးချန် မကြားလိုက်ရတာကြောင့် ပြန်မေးရတယ်..။

YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??