Asphodel-24

8.1K 857 78
                                    


ဒေါက်တာရှောင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ဒီတစ်ပါတ်လုံး ရိပေါ်ကတော့ သိပ်ပျော်တာပဲ။ ဒေါက်တာရှောင်းရဲ့အချိန်တိုင်းကို တစ်ယောက်တည်း အပိုင်စားရတယ်လေ။

မနက်မိုးလင်းတာနဲ့ သူ့ကို လာနှိုးတဲ့ ကိုကို့ဆီက ရတဲ့ ရှန်ပူနံ့နဲ့ clive ရေမွှေးနံ့ပျံ့ပျံ့ရောတဲ့ ကိုယ်သင်းနံ့လေးနဲ့အိပ်ရာက ထတယ်။

မျက်နှာသစ်ရင် ကိုကိုသွားတိုက်ဆေးထည့်ပေးထားတဲ့သွားတိုက်တံနဲ့သွားတိုက်တယ်။ ကိုကိုစပ်ပေးထားတဲ့ရေနွေးနဲ့ ရေချိုးတယ်။ ကိုကိုခေါင်းသုတ်ပေးတာငြိမ်ငြိမ်ခံတယ်။ ကိုကိုထုတ်ပေးထားတဲ့ အ၀တ်အစားတွေ ၀တ်တယ်။ ကိုကို့ကို နက်ခ်တိုင်ချည်ခိုင်းတယ်။အသေအချာ အာရုံစိုက်ချည်ပေးနေတဲ့ ကိုကို့နဖူးလေးကို နမ်းတယ်။ ပြီးတာနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ လူသားလေးကိုပွေ့ချီပြီး မနက်စာစားဖို့ အောက်ထပ်ကိုဆင်းတယ်။

ကိုကိုကိုယ်တိုင်လုပ်ပေးတဲ့ မနက်စာတိုင်းက အရသာရှိတယ်။ ဟိုတစ်နေ့က ရိပေါ်ထပြင်ပေးတဲ့ မီးကျွမ်းသွားတဲ့ပေါင်မုန့်မီးကင်နဲ့သကြားမေ့သွားတဲ့ ဘလက်ကော်ဖီနဲ့တော့ တကယ်ကို အဆင့်အတန်း ကွာတယ်။

ရိပေါ် ရှေ့ကပန်းကန်ထဲမှာ စီစီရီရီနဲ့လှလှပပပြင်ဆင်ထားတဲ့ ဆန်းဒဝစ်တွေကိုကြည့်ရင်း ဟိုနေ့က သူ့ရဲ့မီးကျွမ်းနေတဲ့ပေါင်မုန့်မီးကင်နဲ့စိတ်ထဲယှဉ်ကြည့်လိုက်မိတော့...အင်း....မင်းသမီးလေးနဲ့သူတောင်းစားလိုပဲ။
သူဘယ်တော့မှ မီးဖိုချောင်ထဲ မ၀င်တော့ဘူး....။

ဆန်းဒဝစ်ကို ကိုက်ရင်း ရှေ့မှာ ထိုင်ပြီးမနက်စာစားနေတဲ့ ကိုကို့ကိုကြည့်လိုက်တယ်။ ဒါ၂၈နှစ်တဲ့လား..။ နွားနို့သောက်ထားတာ နှုတ်ခမ်းပေါ်ကို ပေပွလို့...။

ရိပေါ် စားပွဲကိုကျော်ပြီး လှမ်းသုတ်ပေးတော့ ရိပေါ်ကို နွားနို့လာထည့်ပေးတဲ့ အိမ်တော်ထိန်းကြီးမျက်နှာက ပြုံးစိစိဖြစ်သွားတယ်။

ရိပေါ် ဘာမှမဆန်းသလိုပဲ ပြန်ထိုင်ချလိုက်တယ်။ နေ့တိုင်းမြင်နေကြပဲကို အိမ်တော်ထိန်းကြီးကခုထိ မရိုးသေးဘူးလား..။ အမြဲတမ်း ဒီလိုမျက်နှာကြီးဖြစ်သွားတာပဲ။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now