ကင်ဆာအထူးကုဆရာဝန်ကြီးက သူ့ရှေ့ကဖြူဖျော့ဖျော့ ကောင်လေးကို သက်ပြင်းမျှင်းမျှင်းချလိုက်တယ်။
"ရှောင်းကျန့်.... သားအခြေအနေကို သားသိတယ်နော်....."
ဒီကောင်လေးက သူ့တပည့်ဖြစ်ဖူးတဲ့အပြင် ထူးချွန်တဲ့တပည့်လေးမို့လည်း သူအချစ်ပိုခဲ့တယ်။
နိုင်ငံခြားထွက်မသွားခင်အထိ သူနဲ့တော်တော်ရင်းနှီးခဲ့တဲ့ ဒီကောင်လေးက သူ့အချစ်ဆုံးတပည့်တွေထဲက တစ်ယောက်....။
ဒါကြောင့်လည်း ဒီကောင်လေးတောင်းဆိုသမျှကို လက်ခံပေးပြီး ပြင်ပကနေလာကုဖို့ကိုလည်း လက်ခံပေးခဲ့တယ်....။
ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ပိုပိုဆိုးလာတဲ့ အခြေအနေကြောင့် တပည့်ဖြစ်သူကိုဆေးရုံတက်ဖို့ သူဖြောင်းဖျနေရတာ.....။ဖြစ်နိုင်ရင် သူကတော့ ဒီခေါင်းမာတဲ့ကောင်လေးကို ဆေးရုံကုတင်မှာတင် ကြိုးနဲ့တုတ်ဖမ်းထားပြီး ဆေးရုံတင်ပစ်လိုက်ချင်တာပါပဲ....။
" ကျွန်တော့်အခြေအနေကို ကျွန်တော်ကောင်းကောင်းသိပါတယ်....ဆရာ..."
ရှောင်းကျန့်ဆီက တိုးလျတဲ့ အသံလေးထွက်လာတယ်။
"သိတယ်ဆို ဆေးရုံတက်ဖို့လုပ်တော့လေ...
သားအခြေအနေက ဒီထက်အချိန်ဆွဲနေလို့ မကောင်းတော့ဘူး....
သားလည်းဆရာဝန်တစ်ယောက်ပဲ ဒီလောက်တော့နားလည်တယ်မလား....."သူ့ရှေ့ကကောင်လေးက ခေါင်းကို ငိုက်စိုက်ချထားပြီး ဘာမှပြန်မပြောလာတော့ဘူး။
ဘယ်လောက်စိတ်ဓာတ်ကျနေမယ်ဆိုတာ သူနားလည်ပါတယ်။"ဆရာတို့ သားနဲ့ကိုက်တဲ့ ရိုးတွင်းခြင်ဆီကိုရအောင်ရှာပေးမှာ...စိတ်ဓာတ်မကျနဲ့နော်....
ဆရာက သားကို ရအောင်ကုပေးမယ်.....""ကျေးဇူးတင်ပါတယ် ဆရာ...."
"ဆရာ့ကိုကျေးဇူးတင်ရင် ဆေးရုံလာတက်တော့လေကွာ...."
"ဆရာ ကျွန်တော့်ကို အချိန်ခဏလောက်တော့ပေးပါ...ပြီးရင် တော့ကျွန်တော်ဆေးရုံတက်ပါ့မယ်...
ကျွန်တော့်ကောင်လေးက ဘာမှမသိသေးဘူး...ပြီးတော့ ကျွန်တော်လေ...ကျွန်တော်...
သူနဲ့မခွဲချင်သေးဘူး...
သူ့ကို တစ်ယောက်ထဲထားခဲ့ဖို့ရာ စိတ်လည်းမချသေးဘူး...."

ESTÁS LEYENDO
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanficလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??