ရိပေါ် ရုံးခန်းထဲမှာ စိတ်အလိုမကျစွာပဲ ထိုင်နေတယ်။
ပြိုတော့မယောင်မဲမှောင်နေတဲ့ ရိပေါ်မျက်နှာနဲ့ ရာသီဥတုမကောင်းတဲ့ စိတ်အခြေအနေကြောင့် အတွင်းရေးမှူးမလေးရော ထုတ်ကုန်သစ်ဌာနမှူးရော တင်ပြစရာရှိတဲ့ ဖိုင်တွေကို အသာလေးတင်ပြီး ထွက်သွားကြတယ်။
ရိပေါ် လက်မှတ်ထိုးစရာရှိတာ ထိုးရင်းမျက်လုံးက ခဏတိုင်းဖုန်းဆီ ရောက်ရောက်သွားတယ်။ ဖုန်းဘယ်အချိန်လာမလဲ မနက်ကတည်းက ထိုင်မျှော်နေတာ အခုနေ့လည်တောင်ရောက်တော့မယ်။ ခုထိဖုန်းကတုတ်တုတ်လေးတောင် မလှုပ်...။
ကိုကို နေနိုင်လိုက်တာ...!!
ရိပေါ်က ချော့သူမရှိပဲ တစ်ဖက်သတ် စိတ်ကောက်နေရတယ်။ ဘယ်အချိန်ဖုန်းဆက်ပြီး ချော့လာမလဲ နာရီတကြည့်ကြည့်နဲ့ စောင့်နေရတာ..။ ကိုကိုက သူစိတ်ဆိုးသွားမှန်း သိရောသိရဲ့လားတောင် မသေချာ....။
ကိုကိုက သိပ်ခေါင်းမာတယ်။ ဒီလောက်နားပါ နားပါပြောနေတဲ့ကြားက ဖုန်းတစ်လုံးနဲ့ YLရဲ့ကိစ္စတွေကို ရအောင် လိုက်လုပ်သေးတယ်။ဒါက အကြောင်း သိပ်မဟုတ်သေးဘူး..။
ပြဿနာက ဆေးရုံသွားပြီး သူ့ဆရာဝန်အလုပ်ပြန်လုပ်မယ်ဆိုတာပဲ။ဆေးရုံဆင်းပြီးကတည်းက ကိုကိုက ကျန်းမာရေးအားနည်းလာတယ်။ မနေ့ကတောင် ထဖျားသေးလို့သူ့မှာ မျက်စိရှေ့တင်ထားရတာတောင် စိတ်မချနေရတဲ့အထဲ ဒီနေ့ဆေးရုံကို အလုပ်သွားတက်တယ်။ ရိပေါ်ကတော့သေချာပေါက် သဘောမတူဘူးပေါ့...။ဒါလည်း မရဘူး သွားတာပဲ။
နောက်ဆုံးတော့ သူကပဲ မျက်နှာအိုကြီးနဲ့ဆေးရုံကိုလိုက်ပို့ပေးလိုက်ရတယ်။ ဒီမျက်နှာကြီးက ဒီလောက်စိတ်ဆိုးတဲ့ပုံပေါက်နေတာတောင် ကိုကိုက တကယ်ပဲ မသိတာလား..။ မသိချင်ယောင်ပဲဆောင်သွားတာလား မသိဘူး။
ဆေးရုံရောက်တာနဲ့ ညနေမှတွေ့မယ်ပြောပြီး သူ့ပါးကိုအနမ်းခြွေပြီး ကားပေါ်က အေးဆေးဆင်းသွားတာပဲ...။နာရီကိုတကြည့်ကြည့်နဲ့ အလုပ်လုပ်ရင်း ၁၂နာရီထိုးတာနဲ့ ရိပေါ် လုပ်လက်စအလုပ်တွေ အကုန်ချပြီး ထရပ်လိုက်တယ်။ နေ့လည်စာ စားချိန်ရောက်ပြီ။ ကိုကို့ဆီ သွားရမယ်။

YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??