ရိပေါ်က မနက်၃နာရီခွဲမှာထတယ်။ ဒီနေ့က လက်နက်ကိစ္စအတွက် ယူကရိန်းကိုသွားရမယ့်နေ့...။ မနက်၇နာရီလေယာဉ်ထွက်မှာမို့ လေဆိပ်မဆင်းခင် မနက်စာစားချိန်နည်းနည်းပဲရှိတယ်။အဒေါ်ကြီးက ခွင့်ပြန်သွားလို့ သူတို့မနက်စာကို ကိုကိုကတာဝန်ယူနေတာ။ အိမ်တော်ထိန်းကြီးက ပေါင်မုန့်မီးကင်တစ်မျိုးပဲအဖြစ်ရှိတယ်။ ရိပေါ်လက်ရာကတော့ မမေးနဲ့တော့။ စားလို့ကိုမရတာ...။
အစာမကြေပြီးအန်အန်နေတဲ့ ကိုကို့ကို တွေ့ကရာအသင့်စားမနက်စာတွေလည်း မကျွေးချင်တာကြောင့် မြို့မြောက်ဘက်က နာမည်ကြီးဆန်ပြုတ်ဆိုင်ကဆန်ပြုတ်သွားဝယ်ဖို့ သူဒီအချိန်ထတာ...။ သူတို့ အိမ်တော်က မြို့တောင်ဘက်မှာရှိတာမို့ ဒီအချိန်မထရင် အသွားရောအပြန်ရော အချိန်တွက်ရင် ဘယ်လိုမှမမှီဘူး။
ကိုကိုမနိုးသွားအောင် အိပ်ရာပေါ်က သာသာလေးထကာ ရေချိုးခန်းထဲဝင်မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး လေဆိပ်ဆင်းဖို့ အဝတ်အစားပါ တစ်ခါတည်း လဲလိုက်တယ်။ကိုကို့အတွက် သွားတိုက်တံကိုသွားတိုက်ဆေးထည့်၊ ရေချိုးဖို့ရေနွေးစပ်ပေးခဲ့ပြီးတာနဲ့ ခြေသံမကြားအောင်ခပ်ဖွဖွနင်း အခန်းထဲကထွက်ပြီးအောက်ထပ်ဆင်းလာခဲ့တယ်။
ကားတွေက မြေအောက်ထပ် ကားဂိုဒေါင်ထဲမှာထိုးထားတာ... ။ ဂိုဒေါင်သော့က အိမ်တော်ထိန်းကြီးဆီမှာ...။ အိမ်တော်ထိန်းကြီးကိုလည်း စောစောစီးစီး ဒုက္ခမပေးချင် ၊ ဘတ်စ်ကားစီးရအောင်လည်း မနက်ဒီအချိန်ကြီး ဘတ်စ်ကားရှိပါ့မလားက မသေချာ။ အိမ်တော်ထိန်းကြီးပဲ ပြေးနှိုးလိုက်ရင်ကောင်းမလားကြံရာမရနေတုန်း ကိုကို့စက်ဘီးကမျက်လုံးထဲဝင်လာတယ်။
စက်ဘီးကြီးနဲ့ အနောက်တိုင်းဝတ်စုံတကားကားနဲ့ ဘယ်လောက်ကြည့်ရဆိုးနေမလဲသိပေမယ့် သူ့မှာအ၀တ်ပြန်လဲဖို့အချိန်မရှိဘူး။ ကားနဲ့ပဲသွားနေကြမို့ ပေကျင်းရဲ့ဆောင်းကို သိပ်မအေးဘူး ထင်နေတာ။စက်ဘီးနဲ့သွားမှ အေးလိုက်တာဆိုတာ ခိုက်ခိုက်တုန်ပဲ...။
အသက်ထွက်မတတ် စက်ဘီးနင်းပြီးတဲ့နောက်မှာတော့ အေးတယ်လို့မခံစားရတော့ဘဲ ချွေးပါစို့လာတယ်။ ကိုကိုအရင်က ဒီစက်ဘီးနဲ့ ဘယ်လိုအလုပ်ကို အသွားအပြန်လုပ်နေသလဲလို့ ရိပေါ်လေးစားသွားတယ်။ မောလိုက်တာ သေမတတ်ပဲ...။
YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??