Asphodel-36

8.3K 887 173
                                    

ပေကျင်းကို ပြန်ရောက်ပြီးကတည်းက ရှောင်းကျန့်ရဲ့နေ့ရက်တွေဟာ ဆေးရုံပေါ်မှာပဲ ကုန်ဆုံးရတော့တယ်။
ဒါပေမယ့် အရင်ကထက် သူပိုပျော်တယ်...။

မိုးလင်းလို့မျက်လုံးနှစ်လုံးဖွင့်ပြီဆိုတာနဲ့ သူ့ကိုလာနှိုးရင်း အိပ်ရာဘေးမှာ ပြုံးပြနေတဲ့ ရိပေါ်ရဲ့ မျက်နှာချောချောလေးကို အရင်ဆုံး မြင်ရတယ်...။

ရိပေါ်က သူမျက်နှာသစ်ဖို့ ကူညီပေးတယ်....။ မနက်စာစားရင်လည်း ဂရုတစိုက်ခွံ့ကျွေးတာမို့ အရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်ဆန်ပြုတ်ကလည်း သူ့အတွက် အရသာရှိတယ်...။
သူဆေးသောက်ပြီးပြီဆိုရင်လည်း ဆေးရုံအောက်က ပန်းခြံထဲကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားတတ်သေးတယ်...။

ဆောင်းကုန်ခါနီးပြီမို့ သိပ်တော့ မအေးတော့ဘူး...။
ဒါပေမယ့် ရိပေါ်က သူ့ ဆေးရုံဝတ်စုံအပေါ်ကနေ အနွေးထည်အထူကြီးဝတ်ပေးပြီး လည်ပတ်တွေလည်း အတင်းပတ်ပေးတာပဲ။
သိုးမွှေးဦးထုပ်ကြီးလည်း ဆောင်းပေးထားသေးတော့ ဆေးရုံပန်းခြံထဲ ဆင်းလမ်းလျှောက်နေတဲ့ သူ့ပုံစံက အ၀တ်ထုတ်ကြီး လှုပ်စိလှုပ်စိရွေ့နေသလို ဖြစ်နေမှာ သေချာတယ်...။
ဒါကိုတောင် ရိပေါ်က အအေးမိမယ်ဆိုပြီး ကြာကြာ မလျှောက်ခိုင်းဘူး...။

ဒီလောက်ပိန်ပါးပြီး ဖြူဖျော့နေတဲ့ သူ့ကို ဘယ်သူက လာကြိုက်မှာလဲ...။
အဲ့ဒါကို သူ့ကိုကြည့်တဲ့ လူတိုင်းကို လိုက်မျက်စောင်းထိုးချင်တဲ့ ဒီကောင်လေးက တကယ့်ကို over protective boyfriend လေး...။

လမ်းလျှောက်ပြီးပြန်လာရင် ရိပေါ်က ဆေးရုံကနေ အိမ်ခဏပြန်တယ်။
သူကတော့ ဆရာဝန်ကြီး Round လှည့်မယ့်အချိန်ကို စာအုပ်ဖတ်ရင်း စောင့်တယ်။

တစ်ချို့ရက်တွေဆို chemotheraphy ဆေးတွေသွင်းရတယ်။ Intrathecal methotrexate သွင်းမယ့်ရက်ဆို အရင်ကတော့ သူအတော်ကြောက်တယ်။

Intrathecal methotrexate ဆိုတာက ခါးရိုးဆစ်ထဲကနေ တိုက်ရိုက်ထိုးသွင်းတဲ့ ဆေးတစ်မျိုးဖြစ်တယ်။
ဒီဆေးက ကင်ဆာဆဲလ်တွေကို Cerebrospinal fluid ထဲကို မပျံနှံ့သွားအောင်ကာကွယ်ဖို့သုံးတာဖြစ်ပြီး ဒီဆေးသွင်းပြီးရင် သူတစ်ရက်လောက် ဖျားသွားတတ်တယ်။
ဆေးသွင်းပြီးရင်လည်း ခေါင်းအရမ်းကိုက်တယ်။မူးလည်းမူးတယ်။

𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵Where stories live. Discover now