ဒီနေ့ဆို ရိပေါ်နဲ့ ရှောင်းကျန့်ကြားက ဆက်ဆံရေးက လေစိမ်းတွေတိုက်နေတာ တစ်ပါတ်ပြည့်ပြီ....။
ရိပေါ်က ရှောင်းအိမ်တော်ကပြန်လာတဲ့နေ့ကတည်းက ရှောင်းကျန့်ကို အရင်လိုမရစ်။
တကောက်ကောက်လည်း လိုက်ကပ်မနေတော့။ ရှောင်းကျန့်ကလည်း သူ့ကိုစိတ်ကောက်နေတုန်းလို့ ထင်တာမို့ အတင်းသွားမခေါ် ။ရိပေါ်က ကျောင်း ဘတ်စကတ်ဘောအသင်းမှာ ပါထားတာမို့ ကျောင်းပေါင်းစုံပြိုင်ပွဲအတွက် Training ဆင်းနေရပြီး ကျောင်းမှာပဲနေနေရတယ်။ ရှောင်းကျန့်ကလည်း သူ့ ပရော်ဖက်ဆာ တစ်ယောက် Thesis လုပ်တာကို ကူနေရတာမို့ ရိပေါ်ကို လာမတွေ့အား ။
ဒါကြောင့်လည်း သူတို့နှစ်ယောက်အကြားဆက်ဆံရေးက ပိုအေးစက်လာတယ် ။တကယ်တော့ ရိပေါ်က ကိုကို့ကိုလက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး တမင်ရှောင်နေခဲ့တာ။ ဒီလိုဆို သူ့ခံစားချက်တွေကို သူထိန်းချုပ်နိုင်မယ်ထင်လို့။ တဖြည်းဖြည်း ကိုကိုနဲ့မတွေ့ရတာကြာတော့လည်း နေနိုင်လာပြီလို့ သူ့ကိုယ်သူညာတယ်။ ကိုကို့ကိုရူးနေအောင် သတိရတဲ့စိတ်ကို မသိချင်ယောင်ဆောင်ထားရင်း ဖိပြီးလေ့ကျင့်တယ်။
ကိုကိုက လာမတွေ့ပဲနေနိုင်တာကို တွေးမိရင်တော့ သူ့ရင်ဘတ်ကနာလာတတ်တယ်။
ကျွန်တော့်ကို ကိုကိုနားလည်ပါ.....
မရင့်ကျက်တဲ့ စိတ်တစ်ခုမို့ အလိုက်သိပါ.....
ယုန်ကလေးကို ချုပ်ထားရင် ယုန်ကလေး
မလွတ်လပ်မှာစိုးလို့ လွှတ်ပေးပြီး
ချောင်ထဲထိုင်ငိုနေတတ်တဲ့ ကလေးငယ်ဟာ ကျွန်တော်ပါ.......သူလေ့ကျင့်နေချိန်တိုင်း သူ့အတွက်ဆိုပြီး မူလတန်းကလေးလေး လာလာပေးတဲ့ ရေဘူး၊ဖျော်ရည်နဲ့ သဘက်သန့်သန့်လေးတွေက ဘယ်သူ့ဆီကဆိုတာ သူမသိဘူး။ Trainer ယူသိမ်းထားတဲ့ဖုန်းကို ညတိုင်း ဆက်ရင်း'စက်ပိတ်ထားပါတယ်'နဲ့ တိုးခဲ့ရတဲ့ အဝင် Call လေးတွေရှိခဲ့တာကို မသိသလို ၊ ဘယ်လောက်ပဲမအားနေနေ ပရော်ဖက်ဆာဆူရင်တောင် အဆူခံပြီး နေ့တိုင်းသူလေ့ကျင့်နေတာကို တိတ်တိတ်လေး လာကြည့်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်ဆိုတာလည်း သူမသိခဲ့ပါဘူး။

YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??