ရှောင်းကျန့် ဆေးရုံတက်နေတဲ့ တစ်လျှောက်လုံး ရိပေါ်ကလည်း ဆေးရုံမှာပဲ ကျောက်ချနေတော့တယ်။
ရိပေါ်က ကုမ္ပဏီကိုတောင်မသွားတော့ပဲ ဆေးရုံကမခွာတာမို့ ဟောက်ရွှမ်းက ရိပေါ်အစားပါ အလုပ်ပိုလုပ်ရတယ်။ မလုပ်ချင်ဘူးဆိုရင် အလုပ်ထွက်တဲ့။ အကြင်နာတရားအပြည့်နဲ့ စီအီးအိုပါပဲ....။ရှောင်းကျန့်မှာ အခုဆို အပျင်းရောဂါတောင် စွဲလာပြီ။
ရိပေါ်က ဒဏ်ရာမပျောက်သေးမချင်း သူ့ကို တကယ့်ကို သုံးနှစ်သားကလေးလို ဆက်ဆံနေတော့တာ...။သူက အားနည်းတဲ့သူမဟုတ်ဘူး....။ ဒီလိုလုပ်ပေးတာကြိုက်ရအောင် သူက မိန်းကလေးလား....။
ဒါကြောင့် စစချင်းတော့ သူအကြီးအကျယ်ဆန္ဒပြခဲ့သေးတယ်။
ဒါပေမယ့် ရိပေါ်က မျက်နှာလေးညှိုးသွားပြီး စိတ်မကောင်းဖြစ်သွားတော့...သူမနေနိုင်ဘူး။
သူ့အကြီးမားဆုံးပျော့ကွက်က ရိပေါ်ပဲလေ။
အဆုံးသတ်မှာတော့ သူကခြင်္သေ့ကြီးပြုသမျှနုရတဲ့ ၀က်ဝံရုပ်လေးဘဝရောက်ရတော့တာပဲ....။သူ့ခြေလက်တွေက အကောင်းကြီးကို ရိပေါ်က ဒဏ်ရာတွေ ပြန်ပွင့်မှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ ကိုယ်တိုင်ဘာမှလုပ်ခွင့်လည်းမပေးပဲ အရုပ်တစ်ရုပ်လို လက်ပေါ်ကကို မချတော့ဘူး...။
မနက်မိုးလင်းလို့ သူမျက်လုံးနှစ်လုံးဖွင့်တာနဲ့ ၀မ်ခြင်္သေ့ကြီးက လာချီပြီး ရေချိုးခန်းကို သယ်သွားတယ်။ မျက်နှာပါသစ်ပေးမယ်လုပ်ရင် သူ့မှာ အတင်းငြင်းရတယ်။
စားပြီဆိုလည်း ရိပေါ်က သူ့ဇွန်းကို အပိုင်သိမ်းထားတယ်။ လက်ကမချဘူး။ အမြဲ ကလေးလိုပဲခွံ့ကျွေးခံရနေရတာမို့ သူလည်း သူ့ကိုယ်သူ ဓားထိုးခံရလို့ ဒဏ်ရာရနေတဲ့လူလား။ လက်နှစ်ဖက်လုံးကျိုးနေတဲ့ ဒုက္ခိတလားတောင် မသဲကွဲတော့ဘူး..။
ဆေးစစ်ဖို့သွားပြီဆိုရင်လည်း လူကိုလမ်းလျှောက်မခံပဲ ချီသွားတတ်သေးတော့ သူနာပြုလေးတွေတင်မက ဆရာဝန်ကြီးကတောင် ပြုံးစိစိနဲ့...။
သူ့မှာ ရှက်လွန်းလို့အငွေ့ပျံတော့မတတ်ပဲ။
သူလက်မခံရင်လည်း မျက်နှာလေးက တိမ်တွေညိုသွားတတ်ပြန်တော့ အမြဲအင်တင်တင်နဲ့ပဲ ခေါင်းငြိမ့်ရတယ်...။

YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??