ရိပေါ်က ရှောင်းကျန့်ကို ရေနစ်နေတယ်ဆိုပြီး အတင်းသွားဆွဲပြီးကတည်းက တစ်နေ့လည်လုံး
ဟိုတယ်လ်အခန်းထဲက ထပ်ထွက်မလာတော့ဘူး...။
ညဘက်မီးပုံပွဲလုပ်တဲ့အထိ ဆင်းမလာလို့ ဟောက်ရွှမ်းက သွားခေါ်ရတယ် ။" ရိပေါ် မင်းတော်တော်ဖြစ်နေတာပဲ နှစ်ညအိပ်ခရီးလေးပဲကို အလုပ်ပျက်ခံပြီး ဒီအထိလိုက်လာတယ် "
" ဘယ်သူက သူ့နောက်လိုက်လာလို့လဲ.... အလုပ်ကိစ္စလာတာ "
" သူ့နောက်လိုက်လာပါတယ်လို့ ငါဘယ်မှာပြောလို့တုန်း..။ ပြီးတော့ ဒီဘက်မှာမင်းဘာအလုပ်ရှိလို့တုန်း မလိမ်ချင်စမ်းပါနဲ့၊ အကြောင်းမသိတဲ့သူတွေလည်းမဟုတ်ဘူး"
"တကယ်အလုပ်ရှိလို့လာတာ ကျွန်တော်ကမ်းခြေမှာ ဟိုတယ်လ်ဆောက်မလို့မြေ လာကြည့်တာ"
"မလိမ်တတ်ပဲ မလိမ်စမ်းပါနဲ့ကွာ။ ဟိုတယ်လ်ဆောက်ဖို့ မြေနေရာကိစ္စက ဟိုနေ့ကမှ ငါကိုယ်တိုင်သွားစာချုပ်ချုပ်လာပြီးပြီကို...။
ဘာလို့များ CEO ကကမ်းခြေထိ ရောက်ချလာပါလိမ့်နော်"ဟောက်ရွှမ်းက အဖြေကိုသိသိနဲ့ဆက်စတော့ .... ရိပေါ်ကစိတ်တိုပြီးထအော်တယ်။
"ဟုတ်တယ် ကျွန်တော်လွမ်းလို့....မနေနိုင်လို့....စိတ်မချလို့.... တော်တော်ဖြစ်နေလို့....လိုက်လာတာ"
"နောက်ဆုံးတော့ ၀န်ခံပြီပေါ့လေ...မင်းသူ့ကိုမမုန်းတော့ဘူးလား "
"ကျွန်တော်ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့်.... သူ့မျက်နှာမြင်ရင်ကို ကျွန်တော် ၆နှစ်လုံးပျိုးလာတဲ့အမုန်းတွေက ဘယ်ရောက်သွားမှန်းမသိတာကို ဘယ်လိုလုပ်ရမလဲ..။ သူ့ကို မုန်းတယ်လို့တစ်ခါပြောတိုင်း သူနာကျင်အောင်လုပ်မိတိုင်း.... ကျွန်တော်က ပိုရင်နာရတယ်။ တကယ်ဆို သူ့မျက်နှာတောင် မမြင်ချင်လောက်အောင်ဖြစ်ရမှာကို ကျွန်တော်က သူ့ကိုပဲတွေ့ချင်နေတာ...သူကျွန်တော့်ကိုဂရုမစိုက်တော့ပဲ ပစ်ထားရင် ဘာလုပ်လုပ်အဆင်မပြေတော့ဘူး..။ ကျွန်တော်သူ့ကို မမုန်းတော့ဘူးထင်တယ်။ မဟုတ်ဘူး...တကယ်ရောမုန်းခဲ့ဖူးလားတောင် မသေချာဘူး "
" အမှန်တွေ ပြောလာပြီ။ အရင်ကတည်းက ငါသိခဲ့ပါတယ် မင်းသူ့ကိုချစ်နေသေးမှန်း...။ နေ့လည်တုန်းက ရေငုပ်နေတဲ့ ရှောင်းကျန့်ကို ရေနစ်ပါပြီဆို သွေးရူးသွေးတမ်းနဲ့ရေထဲပြေးဆင်းသွားကတည်းက ငါရိပ်မိပါတယ် "
YOU ARE READING
𝓐𝓼𝓹𝓱𝓸𝓭𝓮𝓵
Fanfictionလူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ?? လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ကိုဘယ်လောက်ထိချစ်နိုင်ပါသလဲ??