Part 17

517 39 0
                                    

ခွင့်ပြုပါ

အပိုင်း (၁၇)

#ခွင့်ပြုပါ

" စာစီစာကုံး ရေးတာ အကုန်လုံး တော်ကြပါတယ်....သား ...အောင်ဖြိုးက လက်ရေးလှတယ်...ဆရာမ ပေးတဲ့ စာစီစာကုံး စာအုပ်ဖတ်ရဲ့လား.."

"ဟုတ်ကဲ့..."

"ဘဆွေ.... လက်ရေး မကျင့်ဘူးလား.."

"ကျင့်ပါတယ်...ဆရာမ..."

"လက်ရေးက ပဲတီပင်ပေါက် အတိုင်းပဲ...မနက်ဖြန်လည်း ငါးမျက်နှာ ရေးလာခဲ့...ကြားလား.."

"ဟုတ်ကဲ့..."

ကျောင်းသား နည်းနည်းပဲ  ရှိတဲ့အထဲမှာ စာစီစာကုံး ပြိုင်ပွဲ ဝင်ပြိုင်ရဦးမည်..။

ကျေးရွာ မူလတန်းကျောင်းတွေ စုပေါင်း ပြိုင်မှာမို့ ကိုယ်ကျောင်းက ကလေးတွေကို နေရာ တစ်ခု အထိ ရောက်စေချင်တဲ့  ဆရာ တစ်ယောက်ရဲ့ မျှော်လင့်ချက်အတ္တလည်း ရှိသည်.။

ကျောင်းသားတွေထဲက သုံးယောက်ပြန်ရွေးတော့  အောင်ဖြိုးနဲ့ အေးထူး အပြင် ဆရာကြီးက ဘဆွေကိုလည်း ထည့်လိုက်သည်..။

ဘဆွေက လက်ရေးမလှပေမဲ့  အောင်ဖြိုးထက်ပင် စာစီစာကုံး အဂါင်္ရပ်နဲ့ ညီပြီး ရသပေါ်အောင် ရေးတက်သည်..။

ကျောင်းဆင်းရင် သူတို့သုံးယောက်ကို အချိန်ပိုခေါ်ပြီး စာစီစာကုံး အတွက် ထွေးက တာဝန်ယူ သင်ပြပေးရသည်..။

"ဆရာမ...ခေါင်းစဉ်က ကြိုပေးမှာလား..."

"မသိသေးဘူး သားရဲ့....ဆရာကြီးကတော့  သုံးပုဒ်လောက် ကြိုပေးမယ် ပြောတယ်..."

"အနားနီးမှဆို သားတို့ လေ့ကျင့်ဖို့ အချိန်မရတော့ဘူး..."

"ဆရာမ မေးကြည့်ပါမယ်..."

"ခေါင်းစဉ် မသိလည်း....စိတ်ထဲရှိတာရေးလိုက်ပြီးကရော...နော့်..."

"နင့် လက်ရေး ပဲပင်ပေါက်တွေကို အရင်ပြင်စမ်းပါ...ပြောလိုက်ရင် လေတစ်လုံး မိုးတစ်လုံး.."

ဘဆွေ ရဲ့ မြောက်ကြွားကြွား ဖြစ်နေတဲ့ စကားကို အမြင်ကပ်လို့ ပြောလိုက်တော့ သွားကြဲရယ်ပြပြီး လေးကြောင်းမျဉ်းထဲ စာပြန်ကူးရေးနေတော့သည်..။

ခွင့်ပြုပါ (Zawgyi)Hikayelerin yaşadığı yer. Şimdi keşfedin