I should not worried about him(ZG & UC)

4.1K 374 2
                                    

စားပွဲဘေးက အံ့ဆွဲကို ဖွင့်လိုက်တော့ အနည်းငယ် ​ဟေါင်း နွမ်း​နေပြီဖြစ်သေါ အယ်လ်ဘမ်တစ်ခု ..အထဲမှာ တော့ အတိတ်က ဝေ့ရင်းနဲ့ လန့်ကျနိ့ရဲ့ အမှတ်တရ ဓာတ်ပုံ များစွာ...

"ရင်း.."

တံခါးကို ဖွင့်ကာ လန့်ကျန့် က ဝင်လာသည်. အပေါ်အနက် အောက်အနက် ဝတ်ထား တာကြောင့်လဲ မသိ မျက်နှာ က ပိုပြီးဖွေးဆွတ်နေသည်..အရင်က နူးညံမှု့တွေဖုံးလွှမ်းခဲ့သော မျက်ဝန်း တစ်စုံဟာ အခုတော့ ခက်ထန် မာကျော မှု့များ ပြည့်နှပ်လျှက်..အနောက်ကနေ သူ့ခါးက ဖက်လိုက်တော့ ရင်းနှီးနေတဲ့ ရေမွှေးနံဟာ နှာခေါင်းဝကို တိုးဝင်လာသည်..သူ ဒီရေမွှေးကို အခုထိ သုံးတုန်းပဲလား..

"ခင်ဗျား..ပြန်လာတာ စောလိုက်တာ"

"ရင်း ကိုလွမ်းလို့..ကိုယ် အလုပ်တွေ မပြီးသေးပဲ ပြန်လာတာ"

"ကျွန်တော့်ကို လွှတ်ပါဦး အသက်ရှုကျပ်တယ်"

"ရင်း..အချစ်. ကိုယ် ခဏလေး ဖက်ထားပါရစေ.."

"ခဗျား.."

"ကျွန်တော်တွေ ခဗျားတွေမသုံးပဲ ကိုယ့်ကို ဒါလင်လို့ခေါ်ပါ လား အချစ်ရယ်"

"ကျွန်တော် ခဗျားကို အရင်က အဲ့လို ခေါ်လို့လား"

"အင်း.."

ချီးပဲ... မင်း$ပိုတွေ ပြောဦး လန့်ကျန်း..ငါအရင်က မင်းကို ဒါလင်လို့ မခေါ်ဖူးဘူး..Bae လို့ပဲခေါ်နေတာလေ..ချီးကို ဒါလင်.စိတ်ထဲမှ ပြစ်ပြစိနှစ်နှစ်ကျိန်ဆဲလိုက်၏..

"မခေါ်ချင်ဘူး..ကျွန်တော် မှ မမှတ်မိသေးတာ..လန့်ကျန့်လို့ပဲ ခေါ်မယ်လေ နော်"

"အင်း..ရင်း သဘောပါ..မင်း ကိုယ်သင်းနံ့လေးက အရင်တိုင်းပဲ..မပြောင်းလဲသေးဘူး"

"ကိုယ်သင်းနံပါဆို ပြောင်းစရာ လား"

"အင်းလေနော်.."

"ငါ့ကို လွှတ်ပါဦး..မေးစရာတွေရှိတယ်"

ဂုတ်ပိုးတွေကို ပွတ်တိုက်လာသောနှုတ်ခမ်းများကြောင့် အတင်းရုန်းထွက်ကာ သူ့ ကို ဘေးမှာ ထိုင်စေပြီး ပြောလိုက်၏.

"အချစ်က ဘာတွေ မေးချင်လို့လဲ"

"ငါတို့ ဘယ်တုန်းက စသိတာလဲ"

Death By Thousand Cuts (Completed )Where stories live. Discover now