Painful Memories -2

3.7K 318 27
                                    

တစ်နှစ် ကြာ ပြီးသော်..

လန်ကျန့်နဲ့ ဝေ့ရင်းကအခု အထက်တန်း ပြီးသွားကြပြီ..အထက်တန်းပြီးတော့ လန်ကျန့်က သူ့အဖေရဲ့ လောကထဲကိုဝင်ပြီး ဦးဆောင်တယ်..ဒါတွေကို ဝေ့ရင်းက မသိဘူး.ဝေ့ရင်းကတော့ ဆေးကျောင်း တက်တယ်..သူ့အဖေနဲ့ အမေရှိနေတဲ့ အရင် အိမ်မှာ မနေချင်တာရယ် ကျောင်းနဲ့ နီးတဲ့နေရာမှာ ရယ် နေချင်တာကြောင့် အပြင်မှာတိုက်ခနိးငှါးနေတယ်..အရင် က အိမ်မှာတော့ယမ်းလီတို့ လင်မယား နဲ့ ကျန်းချနိရယ် နေတယ်..

လန်ကျနိ့ကတော့ ဝေ့ရင်းနဲ့ အတူ လာနေတယ်

...

"အဲ့လောက် ဇယားရှုပ်နေရင် တစ်ခါထဲ သတိလိုက်တော့"

မျက်နှာမာမာသွေးအေးအေးနဲ့ ကားထဲ Phပြောနေတဲ့ လန်ကျနိ့က ကားတံခါးလာခေါက်တဲ့ ဝေ့ရင်းကို မြင်တော့ မျက်နှာ အမူ အရာ ပြောင်းသွားတယ်..
ကားမှန်တံခါးကို ဖွင့်ချကာ..

"ရင်း...အတန်းပြီးပြီလား"

"အင်း..တံခါးဖွင့်ပေးဦး"

ကားလော့ကို ချရင်းနဲ့ ပြောနေတဲ့ Phကို ပါ ချ လိုက်တယ်..

"အိုက်ယား..လန်ကျန့်ရာ.. လွမ်းလိုက်တာ..Mwah"

ချွဲ ချွဲနွဲ့ နွဲ့ ပြော ပြီး သူ့ပါးကို နမ်းတော့ လန်ကျန့်က ပြုံးသည်..

"အပိုတွေလုပ်နေပြန်ပြီ..မတွေ့ရတာ နေ့တစ်ဝက်တောင်မပြည့်သေးဘူး"

"အိုက်ယား...ငါက မင်းနဲ့ တစ်စက္ကန့်တောင်ခွဲချင်တာမဟုတ်ဘူး"

"မင်း စကားတွေအရမ်းတက်လာပါလား ရင်း"

"ဘာလဲ..အဲ့လိုပြောတာ မကြိုက်ဘူးလား..မကြိုက်ဘူးဆိုနောက်မပြောတော့ဘူး"

"ဟာ..မဟုတ်ပါဘူးကွာ..ကြိုက်တယ်..ကြိုက်တယ်ာနောက်လဲ ပြောနော်"

"...."

"Darling ဘယ်သွားချင်လဲ.ဘာစားချင်လဲ ပြော"

"ဒီနေ့ ကျန်းချန်က အိမ်ပြန်ခဲ့ဖို့ခေါ်ထားတယ်..ပြောစရာရှိလို့တဲ့..အိမ်မပြန်တာ လေးလတောင်ရှိပြီဆိုတော့ ယမ်းလီကျဲကို လွမ်းတယ်..အိမ် ပြန်မယ်"

"ဟုတ်ပါပြီဗျာ..သခင်လေး သဘောအတိုင်းပါ"

.....

Death By Thousand Cuts (Completed )Where stories live. Discover now