You will hurt like me

3.9K 325 11
                                    

Sean က အခု လန်ကျန့်နဲ့ အတူ ပထမဆုံးအကြိမ် လိုက်လာခြင်း ဖြစ်သည်.. ခု သူတို့ ရောက်နေတာက Hell 88ပိုင်တဲ့ Clubတစ်ခုထဲမှာ..လက်နက်မှောင်ခိုဘကိစ္စတွေ လုပ်ဖို့ ချိန်းထား ကြလို့ ဖြစ်သည်..
Clubထဲ စဝင်ထဲက လန်ကျနိ့က သူ့လက်ကိုဆွဲထားကာ ထိုင်တဲ့ အထိမလွှတ်..Seanကတော့ အလုပ်တွေများနေသည်.ာသူ့ ရှပ်အကျီင်္ ကြယ်သီးထဲ မြုပ်ထားတဲ့ Spy Cameraလေးနဲ့ လန်ကျန့်တို့ ကိစ္စတွေကို ရိုက်ရသေးသည်..သူ့မျက်လုံးတွေကတော့ ဟိုဘက် အဖွဲ့ကနေ သူ့ကို ကြည့်နေသည့် ခပ်မိုက်မိုက် ကောင်မလေးဆီမှာ.. ကောင်မလေးက စထိုင်ထဲက သူ့ကို အထာတွေပေးနေတာ..တော်တော်လဲချောပြီးလှတဲ့ အထဲပါတော့ သူ လဲ ကြည့်မိသည်..Seanအခုတလော မိန်းကလေးတွေနဲ့ မအိပ်ရတာ ကြာတော့ သူမနဲ့ တောင် အိပ်ချင်သလို..

"ရင်း..ပျငိးနေပြီလား"

လန်ကျန့်က သူ့လက်တစ်ဖက်ကိုဖွဖွညစ်ကာ ခပ်တိုးတိုးမေးသည်..

"ဟင့်အင်း..မပျင်းပါဘူး..စိတ်ဝင်စားဖို့ကောင်းတယ်"

လန် ကျန့်က ပြုံးပြီး ခေါင်းညိမ့် ပြကာ အလုပ်ကိစ္စဆက်ပြောနေသည်..ဟိုမိန်းကလေး အပြင်ထွက်သွားတာ သူ မြင်တော့..

"လန်ကျန့်..ငါ အိမ်သာ ခဏသွားဦးမယ်"

"ကိုယ် လိုက်​ ပို့ပေးမယ်လေ.."

"ရတယ်..မင်း ဘာသာမင်း စကားပြောပါ..ငါ ကိုယ့် ပါသာကိုယ် သွားလို့ရပါတယ်"

"ဂရုစိုက် ဦး"

ချီးလိုပဲ..အိမ်သာ သွားပါမယ်ဆိုမှ ဂရုစိုက်ဦးဆိုတော့..ဒီကောင် အပိုတွေအရမ်းလုပ်သည်..အိမ်သာဘက် ရောက်ခါနီး ခပ်မှောင်မှောင်နေရာတစ်ရာ တစ်ခုထို မိန်းကလေးက ရပ်နေသည်..သူ့ကိုတွေ့တော့ ပြုံးကာ..

"ယူ ကိုယ့်အနောက် လိုက်လာမယ်ဆိုတာ ကြိုသိနေတယ်"

"မင်းက အရမ်းလှတာကို"

ပြောပြီး သူ က ထိုမိန်းကလေး ခါးကို ဖက်ကာ နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်း နမ်း ပလိုက်သည်..လက်တွေက သူမ ရင်ဘတ်တွေနဲ့ တင်သားတွေပေါ်မှာ.သူမ ကလဲ သူ့ လည်ပင်းကို သိုင်းဖက်ကာ အနမ်းတွေကို ခပ် ကြမ်း ကြမ်းတုံ့ ပြန်နေသည်..ထိုစဉ်..

Death By Thousand Cuts (Completed )Where stories live. Discover now