Ending or Starting?

8.2K 496 39
                                    

အဖြစ်အပျက်တွေအားလုံး ပြီးဆုံးခဲ့ပြီး တစ်နှစ်ကြာခဲ့ ပြီ..Sean Xiaoဆိုသည့် နာမည်ကို စွန့်လွှတ်ကာ ဝေ့ဝူရှန့် အနေနဲ့ ပြန်နေခဲ့ ပြီး ခရီးတွေ လျှောက်သွားနေခဲ့သည်..
အဆက်မပြတ် မြည်နေသည့် Phသံ ကြောင့် သူ ထုတ်ကာ ကိုင်လိုက်တော့..

"ခွေးကောင် ဝေ့ဝူရှန့်.. ဘယ်ရောက်နေပြန်လဲ"

"အာ..ဖြည်းဖြည်းပြောပါ ကျန်းချန် ရာ..နားကန်တော့မယ်..ငါအခုဆွပ်ဇလန် မှာ "

"မင်းပြန်မလာသေးဘူး.လား..ငါရုးတော့မယ် ခွေးကောင်ရ..မင်းတူ Alexကိုလဲ ထိန်းရ ငါ့သားကျင်းရီကိုလဲ ထိန်းရ..ဒါ့အပြင် အခု နောက်တစ်ဗိုက် နဲ့ ငါ့မိန်းမကိုလဲ ထိန်းရ..အလုပ်လဲ လုပ်ရ..ငါသေတော့မယ် ဟ..စောက်သည်း ကွဲ လို့ဝရင်လဲ ပြန်လာတော့"

"အေးပါကွာ..ငါပြန်လာပါ့မယ်"

"မင်း..Phဆက်တိုင်း..အဲ့လို ပြောပြီး ပြန်မလာ..တီ"

ပွစိပွစိ ပြောနေသည့် ကျန်းချန်စကားတွေကို ဆက်နားမထောင်ချင်တော့တာမို့ Phကို ချကာ စက်ပါပိတ်လိုက်သည်..လန်ကျန့်အငွေ့အသက်တွေရှိနေတဲ့ နေရာကို သူ ပြန်မသွားချင်သေးဘူး..

ကင်မရာ တစ်လုံးကို ကိုင်ကာ ဟိုဒီ လျှောက် ရိုက်နေရင်း Sweet Peaလေးတွေ တစ်ခြံ လုံး အပြည့် စိုက်ထားသည့် ချစ်စဖွယ် အိမ်လေးကိုတွေ့တော့ ရပ်လိုက်ကာ..
ဓာတ်ပုံရိုက်နေမိသည်..
မင်းသာ ရှိနေခဲ့ရင် ဒီ အိမ်လေးကို သဘောကျမယ် ထင်တယ် လန်ကျန့်..

ထိုစဉ်..ပွင့်သွားသော ခြံတံခါးလေးနဲ့ အတူ ပန်းတွေ့ကြားက ပေါ်လာသော မျက်နှာလေးကြောင့် ဝေ့ရင်း လက်ထဲက ကင်မရာလေး ပြုတ်ကျသွားသည်..နှုတ်ခမ်း ထူထူလေးတွေနဲ့ မျက်နှာလေး..လက်ကောက်ဝတ်မှာ ထိုးထားသည့် တရုတ် စာလုံးရင်းဆိုသော Tattoo လေး..သူ..သူက

"လန်ကျန့် "

"Darling "

.....

"လန်ကျန့်.မင်း..မင်းဟုတ်ပါတယ်နော်..ငါ အိမ်မက်မက်နေတာ မဟုတ် ဘူးမလား"

မျက်စိရှေ့မှာ မြင်နေရသည့် မျက်နှာလေးကို ဖွဖွပွတ်သပ်ကာ အရူးလို မေးနေမိသည်...

Death By Thousand Cuts (Completed )Onde histórias criam vida. Descubra agora