Lost (ZC & UC)

3.8K 347 8
                                    

ဆိပ်ကမ်းတစ်နေရာ အမှောင်ရိပ် ခပ်ကျ ကျ နေရာတစ်နေရာ..
တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားသည့် လူနှစ်ယောက်ဟာ အသင့်စောင့်နေသည့် လူတစ် စုရှေ့တွင် ရပ်လိုက်ကာ..

"ဒီမှာ ပစ္စည်း"

အဖြူရောင် အမှုန့်ငယ်လေးများပါသည့် အထုပ်ကို ပေးကာ တစ်ဖက်ကပေးသည့် အိတ်ကို ယူကာ ဖွင့်စစ်လိုက်ပြီး..

"Okay..ကျေးဇူး..နောက်လဲ ဆက်ပြီး အလုပ် တွဲလုပ်ကြတာပေါ့"

"မျှော်လင့်ပါတယ် ကျင်းကွမ်းယောင်..ဒါနဲ့ဒီတစ်ခေါက်က Traceကိုယ်တိုင် လိုက်လာတာလား"

ဘေးမှ Mask အမည်းကို တပ်ထားသည့် လူကို ကြည့်ကာ ပြောလိုက်တော့

"အင်း..ဟုတ်တယ်..ပစ္စည်းက တန်ဖိုးကြီးတာရယ်..လူအများကြီး နဲ့ မလာချင်တာရယ်ကြောင့်"

"Aww..Traceကို အခုမှပဲ အပြင်မှာ မြင်ဖူးတော့တယ်..ခဗျားမျက်နှာကို ဘယ်သူမှ မမြင်ဖူးဘူးလို့ ပြော ကြတယ်.. တွေ့ရတာ ဝမ်းသာပါတယ်"

"အင်း..မုန့်ယောင်..သွားရအောင်..ကြာကြာနေလို့မကောင်းဘူး"

"အင်း Trace.."

သူတို့ လှည့်ထွက်မည် အလုပ်..

"ဟေ့ကောင်တွေ တစ်ယောက်မှ မလှုပ်နဲ့"

ယူနီဖောင်းကိုယ်စီနဲ့ ရဲတစ်အုပ်ဟာ သူတို့ကို ဝိုင်း ထား သည်..Traceနဲ့ မုန့်ယောင်ကျောချင်းကပ်လိုက်ကာ ခါးကြားထဲမှ သေနတ်ကို ဆွဲထုတ်ကာ အသင့်ချိန်ထားလိုက်သည်။

"လက်နက်တွေချ ပြီး အသာတကြည့် အဖမ်းခံလိုက်"

"ရူးနေလို့ အဖမ်းခံရမှာလား..ချီးပဲ..သူတောင်းစား တွေ"

မုန့်ယောင်က အော်ဆဲကာ စ ပစ်သည်..ဟိုဘက်က လဲ ပစ် နဲ့..အပြန် အလှန်သေနတ် ပစ်သံတွေက ဆူညံနေသည်..

"Trace..အခြေနေ မကောင်းဘူး..ဒီခွေးကောင်တွေက လူများတယ်..ကျည်လဲ ကုန်တော့မယ်..မင်း ပြေးနှင့်.. ငါနောက်က လိုက်လာမယ်"

"ဖြစိပါ့မလား မုန့်ယောင်..ငါ မင်းကို စိတ်မချဘူး"

"ကျစ်..မရှည်နဲ့ကွာ..သွားဆို သွားနှင့် ငါ က ဘာမှ မဖြစ်ဘူး.. မင်း ငါ့ လက်စလဲ သိရဲ့သားနဲ့".

Death By Thousand Cuts (Completed )Where stories live. Discover now