Death By Thousand Cuts

4.3K 329 22
                                    

စားပွဲခုံတစ်လုံးသာ ရှိသည့် မှောင်မိုက်နေသည့် အခနိးထဲမှာ လန် ကျန့် က လက်ထိပ် တန်းလန်းနဲ့ ခေါင်းငုံစိုက်ကာ ထိုင်နေသည်..

"မင်းရဲ့ ဒီနေ့လို ပုံစံကို မြင်လိုက်ရဖို့ နှစ်တွေတော်တော် စောင့်လိုက်ရတယ်"

လက်ထဲက ဘောပင်ကိုဆော့ကစားရင်း Seanက အေးစက်စက် ပြောသည်..

"မင်းအတွက်လွတ်လမ်း မရှိဘူး လန်ဝမ်ကျိ.. မင်းသေဒဏ် ပေးခံရမှာ.."

"........"

"ငါအရမ်းပျော်တယ်..နောက်ဆုံးတော့ ငါ့ပါးပါးနဲ့ မား ပြီးတော့ ကျဲအတွက် ငါကလဲ့စားချေ နိုင်ခဲ့ ပြီ"

"မင်းပျော်ရင် ကိုယ်ကျေနပ်ပါတယ် ရင်း.."

"ငါ့ကို ရင်းလို့ မခေါ်နဲ့ မင်းနဲ့ ပတ်သတ်ခဲ့ဘူးတဲ့ ဝေရင်းက သေ သွားခဲ့ ပြီ..အခု မင်းရှေ့မှာ ရပ်နေတာ Sean Xiao.."

"မင်းက အမြဲတမ်း ကိုယ့်အတွက်တော့ ဝေ့ရင်းပဲ..ကိုယ်ချစ်ခဲ့ ဘူးမယ့် ချစ်နေဦးမယ့် ဝေ့ရင်း ပဲ"

"စောက်ပိုတွေမပြောနဲ့ လန်ဝမ်ကျိ.. ပါးစပ် ပိတ်ထား"

"ကျေနပ်တယ်မလား..ရင်း..မင်းပျော်ရင် ကိုယ်လဲ ပျော်ပါတယ်..မင်းလိုချင်တာက ကိုယ့်အသက်ပဲမလား..ကိုယ်ပေးနိုင်ပါတယ်"

"ဒီအချိန်က နုနုယွယွတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး လန်ဝမ်ကျိ "

"နောက်ဘဝမှာ မင်းနဲ့ ပြန်ဆုံချင်သေးတယ်.."

"မငိးရူးသွားပြီလား လန်ဝမ်ကျိ.. ဘာစကားတွေ ပြောနေတာလဲ,..ငါက တော့ နောက်ဘဝမှာ မင်းနဲ့ မဆုံဖို့ ကုသိုလ် တွေ လုပ်ပြီးဆုတောင်းမှာ..ဖြတ်သွားရင်းနဲ့တောင်မတွေ့ချင်ဘူး.."

"ကိုယ်ကတော့ တွေ့ချင်တယ်"

"အပိုစကားတွေ ပြောနေဦးမယ်ဆိုရင် ငါပြန်တော့မယ် လန်ဝမ်ကျိ..အမှန်တော့ ငါမင်းမျက်နှာကို ထပ်မတွေ့ချင်တော့ဘူး..ဒါပေမယ့် ငါပျော်နေတာကို မင်းကို မြင်အောင်လို့ လာပြတာ"

"အင်း.."

"နှုတ်ဆက်ပါတယ် လန်ဝမ်ကျိ.."

Seanက ခုံပေါ်မှ ထကာ ကျောခိုင်းကာ ထွက်သွားပြီးအပေါက်ဝနားရောက်တော့..

Death By Thousand Cuts (Completed )Where stories live. Discover now