Meeting the boy who I love from my past(Zaw Gyi & Unicode)

6.7K 506 0
                                    

"ပါးပါးရှန့်​ ah..Sorry.. Daddy Sean"

သူမကြိုက်​​သော နာမည်​ကို မှား​ခေါ်မိ​သော​ကြောင့်​ ကျင်းလင်​ ​ခေါ် Alexက သူ့ ပါးစပ်​ကိုလက်​​​သေး​သေး​လေးဖြင့်​ ပြန်​ပိတ်​ကာ အ​ခေါ်အ​ဝေါ်ကို ပြန်​ ပြင်​ပြီး သူ့ဆီ ဝမ်းသားအားရ ​ပြေးလာ​တော့ Sean က ​ပွေ့ချီ​လိုက်​ပြီး ပါး​လေးကို နမ်းလိုက်​ ကာ..

"Alex ​လေးက အ​လေးချိန်​ တိုးလာပြီပဲ..Daddy Sean မချီနိုင်​​တော့ဘူး"

"သားက အရပ်​ရှည်​လာတာပါ​နော်​"

နှုတ်​ခမ်းကိုဆူကာ သူ့ အကျီင်္​ကော်​လံကိုဆွဲပီး Alexက ​ပြော​တော့ သူသ​ဘောတကျ ရယ်​​မောမိသည်​..Alexဟာ အရွယ်​​ရောက်​လာ​လေ​လေ သူ့ ချစ်​​သော ယမ်းလီကျဲ့ကျဲ့နဲ့ တူလာ​လေ ​လေဖြစ်​သည်​..Alexမျက်​နှာ​လေးကို မြင်​တိုင်း သူ့ရင်​ထဲမ​ကောင်း..10လသားနဲ့ မိဘနှစ်​ပါးလုံး ဆုံးရှုံးခဲ့ရ​သော သမားစရာ က​လေးငယ်​..ဒါ​တွေ အားလုံးဟာ ဟို အ​ကောင်​​ကြောင့်​..သူမျက်​လုံး​တွေ​ဒေါသ​ကြောင့်​နီရဲကာ အံ​တွေကြိတ်​လိုက်​မိ​တော့..Alexက သူ့​ကော်​လံကိုဆွဲကာ အလန့်​တကြား​မော့ကြည့်​ရင်း..

"Daddy Sean ​ဒေါသထွက်​​နေတာလား..ဘာဖြစ်​လို့လဲဟင်​"

"အာ..မဟုတ်​ပါဘူး Alex,ရယ်​..Daddy Seanက အလုပ်​ကိစ္စ​တွေစိတ်​​ရောက်​သွားလို့ပါ"

"သား..Daddy Seanကို အရမ်းလွမ်း​နေတာ..ဟင်​..ဒီနှုတ်​ခမ်းနီရာက ဘာကြီးလဲ Daddy Sean"

Alexက သူ့ အကျီင်္အဖြူ ရင်​ဘတ်​နားမှာ ​ပေ​နေ​သောနှုတ်​ခမိးနီ ရဲရဲ အရာ ကို ကြည့်​ကာ ​မေး​တော့ သူ ဘာ​ဖြေရမှန်းမသိ..

"Sean..မင်း Alexဆီ လာမယ်​ဆို မင်း ရဲ့ အရှုပ်​​တွေ အကုန်​ ရှင်းလာခဲ့တာမဟုတ်​ဘူး..Alexက ရှာ​ဖွေ​ရေးမှာ ​တော်​ပြီး အ​မေးအမြနိး​တော်​တာကို မင်းသိသားနဲ့..Alex မားမားချင်​ဆီ သွားလိုက်​ဦး..သားကို​ခေါ်​နေတယ်​"

"ဟုတ်​.."

Alexက သူချီထားရာမှ ​ပြေးဆင်းသွား​တော့မှ ကျန်းချန်​က အနားကပ်​ကာ..

"ဝန်​ကြီးနဲ့ Dinnerသွားစားတာ​လေ..ဒီနှုတ်​ခမ်းနီရာက ဘယိလိုဖြစ်​ပြီး ပါလာရတာလဲ"

Death By Thousand Cuts (Completed )Donde viven las historias. Descúbrelo ahora