Painful Memories 3 (ZC & UC)

3.4K 324 18
                                    

ရေချိုးခန်း မှန်ထဲမှ မြင်နေရသည့် ရေငွေ့တွေ ကြားမှ သူ့ ခန္ဓာကိုယ်ကို ကြည့်ကာ သူရွံ မိသည်..သူ ဝေ့ရင်း အပေါ် သစ္စာဖောက်ခဲ့မိပြီ..ရင်း..ကိုယ့်ကို ခွင့်လွှတိပါ..ကိုယ် တကယ်ကို မဖြစ်မနေ မို့လို့ပါ..

"အား.."

ပေါက်ကွဲမှု့တွေနဲ့ မှန်ကိုသာ ဒေါသတကြီူးလက်သီးနဲ့ ပိတ်ထိုးနေမိသည်..

...

ရေချိုးခန်းထဲမှ ထွက်လာသည့် သူ့ကို မြင်တော့ လူ ဟန်ရှင်းက စောင်ကို ခြုံကာ ကုတင်ပေါ်မှ ထ လာပြီး..သူ့လက်ကိုဆွဲကာ..

"ပြန်တော့မှာလား..မပြန်ခင် တို့ကို Goodbye Kissလေးမပေးသွားချင်ဘူးလား"

လန်ကျနိ့က လက်ကို ဆောင့်ရုန်းလိုက်ကာ..

"မင်းနှုတ်ခမ်းတွေကို နမ်း ရမှာ ရွံ လွန်းလို့"

"လန်ဝမ်ကျိ "

"မင်းလိုချင်တာ ငါ ပေးပြီး ပြီ..မင်း ကတိမင်းတည်ပါစေ"

....

တိုက်ခနိးတံခါးကို ဖွငိ့ဖွင့်ချင်းတစ်ခန်းလုံး အမှောင်ကျနေသောကြောင့် သူ စိတ်ပူသွားသည်..ဝေ့ရင်း ပြန်မရောက်သေးဘူးလား.. အခနိးမီးတွေကို ဖွင့်လိုက်တော့ ဧည့်ခန်းထဲက Sofaမှာ ထိုင်နေသည့် ဝေ့ရင်းကို မြင်လိုက်တော့ သူအနားသွားကာ..ဝေ့ရင်း ရင်ခွင်ထဲ ဝင်လိုက်ပြီး

"ဘာလို့ အမှောင်ထဲ ထိုင်နေရတာလဲ.."

"......"

"ငါ့ကို စိတ်ဆိုးနေတာလား..ငါတောင်းပန်ပါတယ်..အလုပ်တွေရှုပ်နေလို့ နောက်ကျသွားတာ"

ဝေ့ရင်း က အေးစက် စက်မျက်လုံးများဖြင့်သူ့ကို ကြည့်ကာ ဘာမှ ပြန်မပြောပဲ သူ့ ကို ကျောဘက် လှည့်ကာ သူ ဝတ်ထားတဲ့ ရှပ်အကျီင်္ကိုဆွဲ ဖြဲ လိုက်သည်

"ရင်း..မငိး ဘာလုပ်.."

"အဟတ်..ဒီ လက်သည်းရာတွေက မင်းအလုပ်ရှုပ်နေရခြင်းရဲ့ သက်သေတွေပေါ့ ဟုတ်လား"

"ရင်း..ငါရှင်းပြမယ်..ဒါကလေ"

"တော်တော့..ဘာမှ မကြားချင်ဘူး..ငါ့ကို လာမထိနဲ့"

"ရင်း..မဟုတ်ဘူး..Darling.. ဒါကလေ"

"ဘာမှ မပြောနဲ့တော့..လန်ဝမ်ကျိ.. မင်း လုပ်ရက်လိုက်တာ..မင်း မိန်းမ တွေကို ကြိုက်တယ်ဆိုရင်လဲ ဘာလို့ ငါနဲ့တွဲသေးလဲ"

Death By Thousand Cuts (Completed )Donde viven las historias. Descúbrelo ahora