Sweet But Not Real(ZC & UC)

3.8K 367 7
                                    

"လနိကျန့်"

ဆေးလိပ်သောက်ကာ ပြတင်းပေါက်ကို ငေးနေသော သူ၏ ခါးကို အနောက်က သိုင်းဖက်တော့ သူ က အံသြသလို အကြည့်နဲ့ ပြန် ကြည့် လာပြီး..

"အင်း...ပြောလေ..ရင်း"

"သက်သာလား"

"သက်သာ သွားပါပြီကွ"

"အဲ့ဒါဆိုလေ ငါ့ကို အပြင် ကို ပို့ပေးပါလား..ငါအထဲမှာ ဒီလို ပဲနေရတာ ပျင်းနေပြီ"

"ရင်းက ဘယ်သွားချင်လို့လဲ"

လန်ကျန့် က သူ့ဘက်မျက်နှာချင်းဆိုင်လှည့်လာကာ နှုတ်ခမ်းအောက်ကမှဲ့လေးကိုဖွဖွပွတ်ကာ မေးသည်

"မသိဘူး. အပြင်ထွက်ရရင်ပြီးရော"

"အင်း..ကိုယ် တစ်နေရာရာ ကိုခေါ်သွားပေးမယ်..ဒါပေမယ့် ကိုယ့်ကို အရင်နမ်းရမယ်"

"ဘာဆ်ုင်လို့လဲ"

"မနမ်းရင် မပို့ပေးဘူး "

ချီးပဲ နှာဘူး ကောင်ရေ..စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အပြင်မှာတော့ သူ့နှုတ်ခမ်းကိုဖွဖွလေးထိကာ နမ်းလိုက်ရင်း ပြန်ခွာကာ

"ရပြီလား"

"ထိရုံလေးနမ်းလို့မရဘူး..သေချာနမ်း"

သူဒေါသထွက်လာကာ လန်ကျနိ့ ကိုဆွဲယူလိုက်ပြီး ပြင်းပြသော အနမ်းတို့ကို ဖနိတီးပေးလိုက်တော့မှ

"တော်တယ်..ရင်းလေးကို..အကျီင်္လဲလိုက်လေ..အပြင်သွားမယ် "

......

လန်ကျန့်ကားလေးက ကော်ဖီဆိုင်လေးတစ်ဆိုင်ရှေ့မှာရပ်သွားတော့ သူ မျက်လုံးတွေအရောင်မျိုးစုံ ပြောင်းလဲသွားသည်.ဒီဆိုင်လေးက သူ့ဘဝရဲ့ ပျော်ရွှင်မှု့နာကျင်မှု့မျိုးစုံ ဖြစ်တည်ခဲ့သော ဆိုင်လေး..ပြီးတော့ ဒီဆိုင်လေးရဲ့ရှေ့က ကားလမ်းမပေါမှာ သူချစ်တဲ့ ကျဲယမ်းလီ အသက်ပါသွားခဲ့တာ...

"ရင်း..ဆင်းလေ.."

လန်ကျန့် အသံကြားမှ သူသတိဝင်လာကာ..ခံစားချက်တွေကိုထိန်းချုပ်ရင်း

"မုန့်စားဖို့ခေါ်လာတာလား"

"အင်း..ဒါ ကိုယ်တို့ ချစ်သူ ဘဝတုန်းက လာနေကြဆိုငိလေ..ရင်းက ဒီက စတော်ဘယ်ရီကိတ်ကို အရမ့်းကြိုက်တာလေ..အခုတော့အရင်ပိုင်ရှင် မရှိတော့လို့ စတော်ဘယ်ရီကိတ်က အရသာပြောင်းသွားပြီ"

Death By Thousand Cuts (Completed )Where stories live. Discover now