Painful Memories _1 (ZC & UC)

3.8K 319 15
                                    

ဝေ့ရင်းကို ပွေ့ကာ ပစ်ခတ်နေတဲ့ ကျည်ဆန်တွေကို ရှောင်ရတာ မလွယ်ဘူး..တာဝန်ချိန်မဟုတ်လို့ သေနတ် မပါတဲ့ ရှောင်ပါးပါးဟာ ဒီပွဲထဲက အသက်ရှင်လျှက် ပြန်မထွက်နိုင်ဘူးဆိုတာ သူ သိတယ်..

"လန်ဝမ်ကျိ "

ခုံကိုကွယ်ပြီး လက်ကိုကျည်ဆန်မှန်ထားတဲ့ ကျန်းချန်ကိုတွဲ ပြီး သူ့ကို ခပ်တိုးတိုးခေါ်တဲ့ ရှောင်ပါးပါး အသံဟာ ခပ်ရဲ့ရဲ့ပဲရှိတော့တယ်..

"ကယ်ပါ..ဝေ့ရင်းနဲ ကျန်းချန်ကို ဒီက ရအောင် ကယ်ထုတ်ပေးပါ"

"ကျွန်တော်တို့ တူတူသွား ကြမယ် ဦး"

"မရဘူး..ငါ့ကို ထားခဲ့လိုက်ပါ..ငါခြေထေါက်ကို ကျည်ထိထါးတယ်..ငါ့ကိုပါ တွဲရင် မင်း ဒီထဲက အချိန်မှီ ထွက်နိုင်မှာမဟုတ်ဘူး"

လက်ညိုးထိုးပြလိုက်တဲ့နေရာကို ကြည့်လိုက်တော့ မကြာခင် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံး.. 5 မိနစ်..

"မြန်..မြန်မြနိ..သူတို့ နှစ်ယောက်ကို ခေါ်ပြီး ထွက်သွားပါ"

ရှောင်ပါးပါး က သူ့ လက်ထဲက ဝေ့ရင်းကိုနောက်ဆုံးအနေနဲ့ ကြည့်လိုက်ပြီး..

"ဝေ့ရင်းကို ပြောပေးပါ..သူ သဘောကျတဲ့ ဆရာဝန် အလုပ်ကို ပဲ လုပ်ပါလို့"

ရင်နာနာနဲ့ပဲ သူ ခေါင်းညိမ့် ပြ လိုက်ရတယ်..သူနဲ့ မလိုက်ဘူး ဆိုပြီး အော်ဟစ် ပြောကာ ငိုယိုနေတဲ့ ကျနိးချန်ကို ရှောင်ပါးပါး ကအတင်းတွန်းလွှတ်ကာ..

"ကျန်းချန်..စကားနားထောင်..ဝေ့ရင်းမှာ မင်းနဲ့ ယမ်းလီ မရှိလို့မရဘူး.သူ့အနားမှာ မင်းတို့ရှိနေမှရမှာ..ဦးစကားကို နားထောင်ပါ..ဝေ့ရင်းကို စောင့်ရှောက်ပါ"

ပြောရပုံ မရမဲ့ ကျန်းချန်ကို ရှောင်ပါးပါးက ဇာတ်ပိုး ကို ရိုက်ချလိုက်တော့ ကျန်းချနိ သတိမေ့သွားသည်..4မိနစ်..
ဝေ့ရင်းနဲ့ ကျန်းချန်ကို တစ်ယောက်တစ်ဖက်တွဲကာ သူ ရှောင်ပါးပါး ကို ကြည့်လိုက်ပြီး..

"ကျွန်တော့်ကိုခွင့်လွတ်ပါ"

ရှောင်ပါးပါးက မျက်ရည်တွေ ကျကာ သူ့ကိုကြည့်ပြီး..

"ဝေ့ရင်း နဲ့ ကျန်းချန်ကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ်"

အံကြိတ်ကာ မျက်နှာကို လွဲလိုက်ပြီး လှည့်ထွက်ခဲ့ရသည်..အပေါက်ဝရောက်တော့ အရှေ့မှာ ပိတ်ရပ်နေတာ သူ့အဖေရဲ့ တပည့်တွေ..

Death By Thousand Cuts (Completed )Where stories live. Discover now