Days Like Hell(ZC & UC)

3.6K 319 28
                                    

"ကျဲ..ကျဲ"

ဝေ့ရင်း လမ်းလယ်ခေါင်မှာ လဲကျနေသည့် ကျဲကိုပွေ့လိုက်သည်...သွေးနီနီတွေက သူ့ တစ်ကိုယ်လုံးကို စွန်းပေသွားရသည်..ကျဲက သူ့ မျက်နှာကို ကိုင်ကာ

"အား...အားရှန့်..မ..မငိုရဘူး..ကောင်း.ကောင်း နေနော်..ပြီး..ပြီးတော့..ကျင်း..ကျင်းလင်ကို စောင့်ရှောက်ပေး.."

စကားတောင်မဆုံးနိုင်ပဲကျဲခေါင်းလေးက ငိုက်ချသွားသည်..

"ကျဲ...မဟုတ်ဘူး..ကျဲ..ဟင့်အင်း...မသွားရဘူး..ကျဲ ပြန်လာပါ..ကျဲ..ကျွန် တော့်ကို မထားခဲ့ပါနဲ့"

သူ့ရင်တွေကွဲ ကြေ လှ ပြီ...ထိုစဉ် မြင်ကွင်းထဲကို ဝင်လာသည့် ရှုးဖိနပ်တစ်ရံ..

"လန်...လန်ကျန့်"

လန်ကျန့် က အေးစက်စက် မျက်နှာဖြင့် သူ့ကို ကြည့်ကာ

"နောက်ဆုံးတော့ အားလုံးပြီးသွားပြီပဲ"

"မင်း..မင်း ဘာပြောတယ်"

"မင်းအတွက် ငါစိတ်မကောင်းပါဘူးဝေ့ရင်း..ရော့ ဒီမှာ..အခန်းသော့..ငါတို့ ဇာတ်လမ်းပြီးပြီ.."

"ဟင့်အင်း..လန်ကျန့်..မထားခဲ့ပါနဲ့..မင်းကပါ ငါ့ကို မထားခဲ့ပါနဲ့"

သူ လန်ကျန့်ခြေထောက်ကိုဆွဲကာ တောင်းပန်နေမိသည်..

"Sorry ဝေ့ရင်း.."

"လန်ကျန့်..မင်း..မင်းငါ့ကို ချစ်တယ်မလား ဟင်..ငါ့ကို မထားခဲ့ပါနဲ့ လန်ကျနိ့်ရယ်.."

"ငါ မင်းကို ဘယ်တုန်းက မှ မချစ်ခဲ့ ဘူး ဝေ့ရင်း..ငါ မင်းအနားကို အစီစဉ်တကျ လာခဲ့တာ.. ငါချစ်တာဟန်ရှင်း..ငါ သူနဲ့ လက်ထပ်တော့မှာ"

"လန်ကျန့်"

သူဖက်ထားသည့်လက်တွေကို လန်ကျန့်ကို ခြေကန်ထုတ်ကာ ဟန်ရှင်းကို ဖက်ကာ သူ့ကို တစ်ချက်မှ လှည့်မကြည့်ပဲထွက်သွားခဲ့သည်..
လုပ်ရက် လိုက်တာ..လန်ဝမ်ကျိ ရာ..မင်းရက်စက်လိုက်တာ..မင်းကြောင့် ငါမိသားစု တစ်စု လုံးသေခဲ့ ရပြီ..မုန်းတယ်..မင်းကို အရိုးထဲက နေ မုန်းတယ် လန်ဝမ်ကျိ..

.....

ကျဲယမ်းလီနဲ့ ဇီရွမ်း တို့ရဲ့ အသုဘပြီးသွားတဲ့အထိ ဝေ့ဝူရှန့် က စကားတစ်ခွန်းမှ မပြောတော့ ကျန်းချန် စိုးရိမ်လာသည်..အခုလဲ သုံးရက်လောက်ရှိပြီ အခန်းထဲက အခန်း ပြင် လုံးဝ မထွက်တာ..

Death By Thousand Cuts (Completed )Where stories live. Discover now