Please Don't Leave Me (ZC & UC)

4K 347 35
                                    

မုန့်ယောင် ရဲ့သေဆုံးမှု့ဟာ ရဲ လက်ထဲမှာ ဖြစ်နေတာမို့ အလောင်းကိုတောင် မြင်ခွင့် မရခဲ့ ကြ ပါ..လန်ကျန့်ဟာ မုန့်ယောင်ကိုတော့ တော်တော် သံယောစဉ် ကြီးပုံ ရသည်ထင်တယ်..ယူကြုံးမရ ဖြစ်ကာ ငိုငိကျသွားသည်.

"လန်ကျနိ့"

ကုတင်ပေါ်သူ့ကိုကျောပေးထိုင်ကာ ရှိုက်ကာ ငိုနေသည့် လန်ကျန့်ကို သူ နောက်ကနေ ဖက်လိုက်ကာ

"မင်း ဒီလို ကြီးပဲ နေနေတော့မှာလား..စိတ်မကောင်း မဖြစ် ပါနဲ့တော့..သွားတဲ့ သူက သွားပြီပဲ"

"ရင်း..မုန့်ယောင်က ငါ့ဘဝ ရဲ့ အရေးပါဆုံး လူတွေထဲက တစ်ယောက်ပါ..သူငါ့ကို ကူညီခဲ့တာတွေအများကြီးပဲ."

သူက လန်ကျနိ့လက်ကောက်ဝတ်ကို Tatooကို ဖွဖွနမ်းကာ

"ဖြစ်ချိန်တန်လို့ဖြစ်တန်သွားတာပဲ..ဘာမှ လုပ်ပေးလို့မရဘူးလေ..မင်း မငိုပါနဲ့ တော့..ငါမင်းခံစားနေရတာကို ကြည့်ရတာ ရင်ထဲမကောင်းဘူး"

"Sorry..ကိုယ်တောင်းပန် ပါတယ် ရင်း ရယ်"

"မုန့်ယောင်မရှိတော့ဘူးဆိုတော့ အလုပ်တွေက မင်းကိုယ်တိုင်ပဲ အခုထွက်လုပ်ရတော့မှာပေါ့"

"အင်း..တချို့တလေပေါ့"

"ငါ ကူလုပ်ပေးမယ်လေ မင်းအလုပ်တွေကို"

"ဟင့်အင်း. မရဘူး..မလုပ်ရဘူး"

"လန်ကျန့်ကလဲကွာ..ဘာဖြစ်လို့လဲ "

"အန္တရာယ် များလွန်းတယ် ရင်း"

"ငါသိပါတယ်..ဒါပေမယ့်..ငါမင်းကို စိတ်ပူတယ် လန်ကျန့်.. တကယ်လို့ မပြောကောင်း မဆိုကောင်း မင်းအနားမှာ ငါရှိမနေတုန်း မင်းမုန့်ယောင်လို့သာ ဖြစ်သွားရင်..ငါ..ငါ..ဟင့်"

Seanက ပြောနေရင်း မျက်ရည် တွေပါ ကျလာသည်..အံမယ်..သရုပ်ဆောင်ကောင်းလိုက်တဲ့ ငါလေး..လန်ကျန့်က သူ့ပါးပေါ်က မျက်ရည် တွေကိုသုတ်ပေးကာ

"မငိုပါနဲ့ ကွာ"

"မင်း အလုပ်တွေကို ငါ ကူလုပ်မပေးဘူးလေ..ဒါပေမယ့် မင်းသွားမယ့် နောက်ကို ငါအမြဲလိုက်မယ်လေနော်..ငါမင်းနဲ့ မခွဲနိုင်လို့ပါ..မင်းကို စိတ်မချဘူး"

Death By Thousand Cuts (Completed )Where stories live. Discover now