1.
~ Destiny
~ SheinHtetNaing_NyiMinYan
~New Year Special===================
"တင်းတောင် "
"ဘယ်သူလဲ ! "
မေးနေတာကို မဖြေ ။ တံခါး ဖွင့်လိုက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အနည်းငယ် အံ့သြပြီး လန့်ဖြန့်သွားသည် ။ အံ့သြတာက ညီ့ ကို မြင်လိုက်ရလို့ ... လန့်ဖြန့် သွားရတာကတော့ ညီ့ ရဲ့ ဆွဲဆောင်မှု ရှိလွန်းသော မျက်ကွင်း မည်းမည်းကြီးကြောင့် ။
"ညီ ! "
"Surprise "
အံ့သြနေသော ရှိန်း ကို အလိုက်တသိ ခုန်ပြီး ဖက်လိုက်သည် ။ ပိုချစ်သည့် ကျွန်တော်က ရှိန်း နောက်ကို တကောက်ကောက် လိုက်နေသည်လေ ။
"ဘယ်လိုလုပ် ရောက်ချလာတာလဲ "
"New year ည လေးမှာတော့ တူတူ ရှိနေချင်တာပေါ့ ရှိန်းရာ "
တံခါး ပြန်ပိတ်ပြီး ရှိန်း က ကုတင်ပေါ်မှာ လှဲအိပ်လိုက်သည် ။ အလုပ်ခွင် ရောက်မှ အရမ်း ပင်ပန်းနေရသော ကျွန်တော့်ရဲ့ ရှိန်းလေး ။ မျက်နှာတွေကို ချောင်ကျ သွားသည် ။ အတော်လေး ပိန်သွားတာ မြင်ရတော့ စိတ်မကောင်း ။
"ပင်ပန်းနေပြီလား "
"အင်း ဒီနေ့ တိုးရစ်တွေ အတော်ရစ်တယ်ကွာ "
ကျောင်းတုန်းက ချေမိုးနေခဲ့သလောက် တိုးရစ်ဂိုက် လုပ်တော့မှ အချိန်ပြည့် ရယ်ပြနေရရင်း စိတ်ရှည်ရှည်ဖြင့် သူတို့ သွားချင်သမျှ လိုက်ပို့နေရသည် ။ ခုလည်း အလုပ်ကြောင့် ချောင်းသာ ရောက်နေခြင်း ။
"ဆိုင်ကရော ညီ "
"သန့်စင် ရှိနေတာပဲ "
"မင်းကလေ အရမ်းကို အချောင်ခိုတယ် "
"အံမယ် ဘယ်သူ့ကြောင့် အလုပ် လစ်လာရတာလဲ "
"နေစမ်းပါ မင်းဘာသာ ကိုယ့်ကို တွေ့ချင်ပြီး "
ပြုံးပြီး ကြည့်နေသည့် ညီ့ ကြောင့် အိပ်နေရတာပင် ရင်ခုန်နေရသည် ။
"ရှိန်း က ကျွန်တော့်ကို မလွမ်းဘူးပေါ့ "
"လွမ်းစရာလား ? "