0.7 U

396 29 0
                                    

Birthday Event 🎂🎂

☆☆☆☆☆☆☆☆

တင်းတောင် !

"ဒုန်း "

တံခါးဖွင့်သံက ပုံမှန်အတိုင်း ကျွီလို့ မမြည် ။
သစ်သား တံခါးက တော်တော်လေး ကြပ်နေသည်မို့ အားနှင့် ဆွဲဖွင့်ရလေသည် ။
ပြန်ပိတ်တော့လည်း မသိရင် လူသတ် နေသည့်လား ဝုန်းဒိုင်းကြဲနေသည် ။

"အာ ဖြည်းဖြည်းလုပ်ပါ မမရာ တိုက်ဖြိုနေတာလား "

"မမအိမ်က အဲ့တိုင်းပဲ တစ်ခါတစ်ခါဆို စိတ်တိုလွန်းလို့ ရိုက်ချိုးလိုက်ချင်တယ် အဲ့တံခါးကို "

"ဟာ "

ပထမဆုံးရောက်လာသည်က ညီမင်းယံ နှင့် သူ့ရဲ့ရှိန်း ။ ပင်လယ်ကမ်းခြေက ပြန်လာကြမှန်း သိပ်သိသာသည် ။ အသားရည်လေးတွေကဆို အနက်နုရောင် ပြောင်းနေရော ။

"ဘယ်လိုလဲ ပျော်ခဲ့ကြရဲ့လား "

"ပျော်တာပေါ့ မမရဲ့ ဟီး ကျွန်တော့်ရဲ့ ရှိန်း နဲ့ သွားရတာပဲ "

"အင်းပါ ဟုတ်ပါပြီ "

ရှိန်းထက်နိုင်ကို ကြည့်လိုက်တော့ ပြုံးပြုံး ပြုံးပြုံးဖြင့် မင်းယံလေး စကား ပြောနေသည်ကို ထိုင်ကြည့်နေသည် ။

"ဟဲ့ နင်ငါ့ကို အဖက်လေးလည်းတော့ လုပ်ပါ "

"ဆောရီး ညီ့ကို ငေးနေရင်း မေ့သွားတယ် "

"အမလေးဟယ် အံ့ဩဘ ! "

မင်းယံလေးကတော့ ပါးလေးတွေ နီရဲ လာပြီး သွားကြီးစိကာ ပြုံးဖြီးနေသည် ။

"ဩော် RS တွေများ "

"Happy Birthday မမရွှန်း FA ဘဝက ကျွတ်ပါစေ "

"......"

အဲ့လိုဟာတွေနဲ့ ဘာမှ ဆက်ပြောချင်စိတ် မရှိတော့ ။ ဘယ်လိုဟာလေးတွေကို သားတော် ထားတာလဲလို့ ကိုယ့်ကို ပြန်မေးသင့်နေပြီ ။

"မမရွှန်း ဗိုက်ဆာတယ် "

"နင့်ရဲ့ ရှိန်း ကိုသာ ကိုက်စားတော့ "

"ဟာဗျာ မမ က မွေးနေ့ရှင်လေ ဘယ်မလဲ ကိတ် "

"ဘယ်မလဲ လက်ဆောင် ! "

လက်ဆောင် အကြောင်းပြောလိုက်တော့ ရယ်ပြနေသည် ။

"သား Album တွေ ဝယ်လိုက်တာ မွဲနေတယ် "

Special Moments Where stories live. Discover now