0.2 U

558 53 2
                                    

Destiny
Extra_2

အတော်လေးကျယ်သည့် လိုက်ထရပ်စ်ကား အမိုးပွင့်ပေါ်တွင် လူစုံနေသည် ။

ကျွန်တော်ရယ် သန့်စင် ၊ အစ်ကို ၊ ရှိန်း ၊ ခြည်မ ၊ ကိုသူရ ရယ် တခြား သူငယ်ချင်း ၄ ယောက်ရယ် .... အားလုံး ၁၀ ယောက် ။
သိပ်မများပါဘူး ။

"အမလေး ညီမင်းယံတို့များ တစ်သက်လုံး သင်္ကြန်ဆို drama တွေနဲ့ နှစ်ပါးသွားခဲ့ပြီး ခုမှ သင်္ကြန်တွေဘာတွေလည်လို့ "

ခြည့် အပြောကြောင့် ကျွန်တော့် မျက်စောင်းက ဒိုင်းကနဲ ရှိန်း ဆီ ပစ်လွှတ်လိုက်သည် ။ ပြီတီတီရုပ်နဲ့ မာန်တတ်နေသော ရှိန်း ပုံစံက ပြေးကန်ချင်စရာကောင်းသည် ။

"ယောက်ျားကြီးတန်မယ့်နဲ့ မျက်စောင်းထိုးမနေစမ်းပါနဲ့ ညီရာ "

ပြောရင်း ကျွန်တော့်ခေါင်းပေါ်သို့ ဆောင်းပေးလိုက်သော ဦးထုပ်အနက်ရောင် တစ်လုံး ။ မျက်နှာထက်သို့ နူးညံ့စွာ တပ်ဆင်ပေးလိုက်သည့် အနက်ရောင် mask တစ်ခု ။

"နေပူမခံချင်ဘူးလည်း ပြောသေး ဘာမှယူမလာဘူး မှတ်လား "
"ရှိန်း ဒါတွေ ဘယ်တုန်းက ဝယ်ထားတာလဲ"

အံမယ် မသိရင် ကျွန်တော့်ပုံစံက ရုပ်ဖျက်ပြီးလာတဲ့ K Idol တွေလိုလို ဘာလိုလိုနဲ့ ။

"မနေ့ကတည်းက ...စိတ်ချ ညီ လုံးဝနေပူမခံရစေဘူး "

စိတ်ဆိုးရမယ့်သူက အဲ့လို ဂရုစိုက်တတ်တဲ့ ချစ်သူလေးရထားတော့ ဘယ်လိုလုပ် စိတ်ဆိုးရက်တော့မလဲ !

"စောင် RS တွေ ပိုကိုပိုတယ် "

သူငယ်ချင်းတွေရဲ့ အမြင်ကတ်သံကို လူယုတ်မာ ပြုံးလေးနဲ့ ရိုက်ချင်စရာ ဖြေလိုက်တဲ့ ညီ ။

"မင်းတို့လို FA တွေ တစ်သက်လုံး နားလည်မှာ မဟုတ်တဲ့ ခံစားချက်တွေကို ငါလည်း ရှင်းမပြတတ်ဘူး နွားကို ပလာတာကျွေးနေသလိုဘဲ ဖြစ်မှာ စိတ်မကောင်းလွန်းလို့ မင်းတို့ကို ပြန်ကြိုက်မယ့်သူရှိပါစေလို့ ဆုတောင်းပေးပါတယ်ကွာ အားမငယ်ပါနဲ့ "
"ဘာ မင်းက ငါတို့ကို နွားနဲ့ နှိုင်းတယ်ပေါ့ "
"မရည်ရွယ်ပါဘူး "

ပြောနေတဲ့ မျက်နှာပေးကိုက ကားပေါ်က ကန်ချမခံရတာ ကံကောင်း ။ တစ်ကားလုံး ဝိုင်းအဆဲခံလိုက်ရတောင် နည်းသေးတယ် ။
ကျွန်တော်လည်း ဘယ်လိုဟာလေးနဲ့ ပေါင်းမိနေမှန်းမသိဘူး ။ ညီ က အားနေ ရိုက်ပေါက်တွေဘဲ လုပ်နေတဲ့ ကောင်ဆိုးလေး ။

Special Moments Tempat cerita menjadi hidup. Temukan sekarang