4.
~ Winner
~ MinNyanHein_Wana
~ V day special A===================
"ဟေ့ကောင် ဘယ်မှာလဲ "
ဖုန်းထဲက ထွက်လာသည့် ဝဏ္ဏ အသံက နည်းနည်းလေးမှ ပျော့ပျော့ ပြောင်းပြောင်း မရှိ ။ သာမာန်ထက် ပိုပြီး မာထန်နေသည် ။
"ခုမှ နိုးတာလား မင်းက အရမ်း အိပ်ပုတ်ကြီးတာပဲ "
"ငါ့ဘာသာ ငါ့မျက်လုံးနဲ့ ငါ အိပ်တာ မင်းအပူပါလား ? မေးတာသာ ဖြေ ရန်လာမစနဲ့ "
အိပ်ပုတ်ကြီးလို့ အိပ်ပုတ်ကြီးတယ် ပြောမိတာ ရန်စသည်လား ။ စောစောစီးစီး ... မဟုတ်သေး ... နေ့ခင်းကြောင်တောင်ကြီး ဝဏ္ဏ တစ်ယောက် ဘာတွေ စိတ်တိုနေမှန်း မသိ ။
"ကျောင်းမှာလေ ကလေးတွေ welcome အတွက် လေ့ကျင့် ပေးနေရတယ် "
"ဘာ ! အေး မင်းဟာလေးတွေနဲ့ပဲ နေလိုက်တော့ "
"မင်း ... ငါက King လေ မင်းလို အေးအေးဆေးဆေး ဘာမှ မလုပ်ဘဲ နေလို့ရမလား "
"အဖြူကောင် ! "
အော်လိုက်သည့် အသံကြောင့် နည်းနည်း နာအူသွားသော်လည်း ခပ်ဟဟ ရယ်မိသည် ။ ကျွန်တော် ဆိုသည်မှာလည်း တစ်နေ့ တစ်နေ့ ဝဏ္ဏ ရဲ့ ဆဲသံ မကြားရရင်ကို တစ်ခုခု လိုနေသလို ။
"တီ .... "
"ဟင် ဟေ့ကောင် ... ဝဏ္ဏ ? ဟာ ဖုန်းချသွားပြီ ဒီကောင်တော့ "
စိတ်ဆိုးလည်း မတတ်နိုင် ။ ဒါက အထူးအဆန်း မဟုတ်တော့ ။ နှစ်ယောက်သားက ချစ်ကြသည်သာ ပြောတာ အချိန်တိုင်း သတ်နေရသည် ။
"အစ်ကို မင်းဉာဏ်ဟိန်း "
1st year queen selection လေး တစ်ယောက်က နှင်းဆီအနီလေး တစ်ပွင့် ကိုင်ပြီး မဝံ့မရဲ ခေါ်လိုက်သည် ။
"ပြောလေ ညီမ "
"ဟို ... "
"ဘာလဲ ပြောလေ အစ်ကို ဘာကူညီပေးရမလဲ "
မျက်လုံးစုံမှိတ်ပြီး နှင်းဆီပန်း ကိုင်ထားသည့် လက်အား အရှေ့ကို ဆန့်တန်းလိုက်သည် ။
"Happy Valentine day ပါ အစ်ကို ! "
"ဟမ် ? "
Valentine day ... သွားပြီ မေ့နေတာ ။
ဒါကြောင့် ဝဏ္ဏက လိုတာထက် ပိုပြီး ဒေါသ ဖြစ်နေတာလား ။