0.4 U

461 43 4
                                    

Destiny
Trip Special - 1

ညီမင်းယံ မနက်အစောကြီးနိုးလာသည် ။
နှိုးစက် ပေးထားတာတောင် အသံမမြည်သေး ။ ညကလည်း ၃ နာရီလောက်ထိ အိပ်မပျော် ။ ခရီးသွားရမည်ဆို ပျော်လွန်းလို့ စိတ်တွေက တတ်ကြွရုံမကဘဲ ကြွတတ်နေသည် ။

ခရီးစီစဉ်ဖြစ်တာက ယောက်ျားလေးတွေ အကုန်စုပြီး တစ်နေရာရာသွားရန်ဖြစ်သည်။
သို့သော် မောင်မင်းကြီးသားတို့က သင်တန်းတွေ ဖျက်၍မရ ။ အလုပ်လုပ်နေတဲ့သူက ရှိသေးသည် ။ နောက်ဆုံးတော့ ခရီးကို နီးနီးနားနား ချောင်းသာသို့သွားရန်သာ ရွေးချယ်လိုက်သည် ။ နောက်ဆုံးတော့ ခရီးလိုက်မည့်သူများက ၄ ရောက်တည်းသာ ကျန်တော့သည်.....

ညီမင်းယံ
ရှိန်းထက်နိုင်
သန့်စင်
နေမင်းထက်သာ .....

တိတိကျကျပြောရရင် အတွဲ နှစ်တွဲ ။

"တင်းတောင် "

ညီမင်းယံ ရေချိုးခန်းမှထွက်လာပြီး အောက်ပိုင်းကို သဘက်တစ်ခုပတ်လိုက်ရင်း တံခါးဖွင့်ရန်ထွက်လာသည် ။ ဒီချိန်ဆို အမေဈေးသွားနေသည့်အချိန်ဆိုတော့ မင်းယံကလွဲရင် ဖွင့်ပေးမည့်သူမရှိ ။

"ကျွီ "

တံခါးပွင့်သွားသည်နှင့် မြင်လိုက်ရတာက
ရေစက်တွေတွဲလွဲခိုနေသော ကျစ်လျစ်သည့် ကိုယ်ခန္ဓာတစ်ခု ။ ထုဆစ်ထားသည့်အတိုင်း အချိုးကျသည် ။ ငေးမော သွားရလောက်အောင် ဆွဲဆောင်မှုရှိသည် ။

"ဝင်လေ ဘာကြောင်ကြည့်နေတာလဲ ရှိန်း"
"ဟမ် "

မြင်မြင်ချင်း အကြည့်တွေက မျက်နှာကို မရောက်သေးသော ရှိန်းကြောင့် ကျွန်တော်ရယ်ချင်လာသည် ။ ခုမှမြင်ဖူးတာလည်း မဟုတ် ။

"ဟဟ "
"အဟမ်း မင်းမှမဖယ်တာကိုယ်က ဘယ်လိုဝင်ရမှာလဲ... အမလေး !!! "
"ဟာ နားကွဲပါပြီ ဘာလို့ အော်နေတာလဲ ရှိန်းရာ "
"ညီ ! မင်း ... မင်းညက ဘယ်ချိန်အိပ်လဲ "

ဩော် ...လတ်စသတ်တော့ ကျွန်တော့်ရဲ့ နက်မှောင်နေတဲ့ panda eyes တွေမှာ ကြွေဆင်းသွားတာကိုး ....

"ဟီး ၃ နာရီ ထင်တယ် "
"မင်းကိုကိုယ် စောစောအိပ်လို့ မပြောဘူးလား "
"ရှိန်းရာ ကျွန်တော်မှအိပ်မပျော်တာ အဲ့တာနဲ့ တရုတ်သိုင်းကား ထိုင်ကြည့်နေတာ "
"ဘာ ! တော်တော်စကား နားမထောင်တဲ့ကောင်ဘဲ "
"အဲ့လိုတော့လည်း မဟုတ်သေး ... "
"မင်းရဲ့ ဒီလို မဖဝါနဲ့ မောင်နှမလား အမေးခံရမယ့် ရုပ်မျိုးနဲ့တော့ ငါမသွားနိုင်ဘူး "
"ဘာ ! "

Special Moments Where stories live. Discover now