Destiny
Trip Special _ 3ညခင်းအချိန်ရောက်တော့ ကမ်းခြေတွင် မီးပုံပွဲ အသေးစားလေး လုပ်ဖြစ်ကြသည် ။
ချိုမြမြ ဝိုင်လေးကို သောက်ရင်း သီချင်း အော်ဆိုကြပြီး အသားကင်တွေ လုပ်စားဖြစ်သည် ။"ညီ ရော့ ကိုယ်အသားတွေ မစားချင်လို့ ညီ စားချင်စားလေ မဟုတ်ရင် ပိုနေလိမ့်မယ် "
"ရှိန်း အရမ်းကြိုက်တယ် မဟုတ်ဘူးလား "
"ဝိတ်တတ်မှာစိုးလို့ "
အပိုတွေ ...အလကား ဆင်ခြေတွေ ...။
ညီ စားစေချင်လို့ ..ညီ ကြိုက်မှန်းသိလို့တို့ ညီ့အတွက်တို့ ...ညီဘဲ စားပါ ကိုယ်မစားရလဲ ညီ စားရရင် ပြီးတာဘဲတို့ ရိုမန့်တစ် ဆန်မယ် မရှိ ။ဘာတဲ့ ...စားချင်စားလေ မဟုတ်ရင် ပိုနေလိမ့်တယ် ဆိုဘဲ ။ဒီခပ်ချေချေ
အကျင့်က ဘယ်တော့မှ ပျောက်မလဲ မသိ ။"ပိုနေရင် ကျွန်တော်စားလိုက်မယ် "
သန့်စင်က ဝင်ပြောသည် ။
"နေနေ ရတယ် မင်းဗိုက်တင်းနေလိမ့်မယ် ညီ ဗိုက်က အမှိုက်ပုံးလိုဘဲ ဘယ်လောက်ထည့်ထည့် ရတယ် မြင်တယ်မဟုတ်လား ဗိုက်က အဆီတွေ "
"ဘာ ! ရှိန်း ခင်များကြီး လွန်ပြီနော် "
"မဟုတ်လို့လား ကိုယ့်ကိုယ်ကို ပြန်ကြည့်ဦး ဝက်ဖြစ်နေပြီ "
"ဝက်ဖြစ်လည်း ကျွန်တော်က ချစ်ဖို့ကောင်းပြီးသား "
ခုတလော အရမ်းစားလွန်းလို့ ဗိုက်ခေါက်မှာ အဆီတွေဖြစ်လာတာတော့ ကိုယ့်ကိုယ်ကို ရိပ်မိသည် ။ အစားတွေ အရမ်း စားမိတာကလည်း ပျော်လွန်းလို့ ။ ပျော်တာကလည်း ရှိန်း နဲ့ တူတူရှိနေလို့ ။
ကျွန်တော် ဝ လာတာ ရှိန်းကြောင့် ။"မင်းက ရိုးရိုးဝက် မဟုတ်ဘူး ပန်ဒါဝက်ဝံ မှန်လည်း ကြည့်ဦး မဖဲဝါရဲ့ အစ်ကို မျက်ကွင်းနဲ့ "
မင်းယံ စဉ်းစားလိုက်သည် ...မဖဲဝါတွင် အစ်ကို ရှိသည်လား ? ရှိလည်း ကျွန်တော်က ဘာလို့ မဖဲဝါ အစ်ကိုလည်း မောင်လေးဆိုတော်သေး ... တကယ်တမ်း ကျွန်တော်က ငယ်ငယ်လေးရှိသေးတာကိုး ။
မဟုတ်သေးပါဘူး ...ငါဘာတွေ တွေးနေတာလဲ ! ရှိန်း က ငါ့ကို သရဲရုပ်လို့ သွယ်ဝိုက်သော နည်းနဲ့ ပြောလိုက်တာလေ ...ဘာတွေ အမျိုးစပ်နေမိတာလဲ ။