5.
~ Winner
~ MinNyanHein_Wana
~ V day special B===================
ဆိုင်ထဲ ဝင်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းက ပြေးရိုက်ချင်စရာ ။ မိန်းမ တစ်ယောက်ကို တင်းကျပ်နေအောင် ဖက်ထားပြီး အတင်း လိုက်နမ်းနေလို့ Waiter က ဘေးကနေ ဆွဲနေရသည် ။
ဖန်ခွက်တွေလည်း ကျကွဲနေသည်မှာ နည်းနည်းနောနော မဟုတ် ။
"ဝဏ္ဏ ! "
"ဘယ်သူလဲ ငါ့နာမည်ကို မင်းခေါ်စရာ မလိုဘူး "
အမူးသမားကောင်ကို အဖက် မလုပ်ချင်တော့ ။ စားသောက် မြိုစို့ ထားသည့် bill က ၆ သောင်းကျော် ။
၂ ယောက်တည်းနဲ့ မှာထားသည့် အမြည်းတွေက အများကြီး ။ဘီယာ အပြင် အခြား မှာသောက်ထားသည့် အရက် အပြင်းစားတွေက ဒင်းတစ်ယောက်တည်း သောက်ထားသည်လို့ ထင်ရက်စရာ မရှိ ။
ခေါင်းတောင် မထူနိုင်လို့ ပွေ့ချီပြီး တက်ဆီငှားကာ ဝိုင့် တိုက်ခန်းကို ခေါ်လာရသည် ။ ကျွန်တော့် အိမ်ရော သူ့အိမ်ပါ ခေါ်လို့ မဖြစ် ။ ဝိုင်က တိုက်ခန်းသော့ ပေးပြီး အပြင်ပြန်ထွက် သွားသည် ။
အင်းလေ ချိန်းထားတာ ရှိမှာပေါ့ ...
ဝဏ္ဏ က ခေါင်းတောင်မထူနိုင်ပဲ စကားတွေတော့ အရမ်း များသည် ။
"မင်းဘာလို့ ဒီကို ရောက်နေတာလဲ "
"မင်းမူးနေပြီ အိပ်တော့ ဝဏ္ဏရာ မင်း ကိုယ်ကြီးကို သယ်လာရတာ ဆန်အိတ်ကြီး ထမ်းလာရသလိုပဲ လေးလိုက်တာ "
"ဘာ ! မင်း ငါ့ကို ဝက်ကြီးလို့ ပြောလိုက်တာလား "
"မဟုတ်လို့လား "
"ငါက ဝက်ဖြစ်ရင်တောင် မင်းလို အကျင့်မပုတ်ဘူး "
"ဘာ ! "
မူးတာတောင် အချိုးပြေပြေ မမူး ။
ဝဏ္ဏ ဆိုသည့် ကောင်က ဘာလို့ ဒီလောက်တောင် ရိုက်သတ်ချင်စရာ ပြောနေရတာလဲ ။"မင်းဟာလေးတွေကို ထားခဲ့ပြီး ဘာလို့ ငါ့ဆီ လာတာလဲ "
"မင်းက လူမှန်းသူမှန်း မသိအောင် မူးရူးနေတာလေ ဘာလို့ ဒီလောက်တောင် သောက်ထားတာလဲ "