3. U

387 24 0
                                    

3.

~ Winner
~ TeOoWai_Wine
~ New Year Special

================

ဝိုင် တစ်ယောက် တည်ဦးဝေ ပြင်ဆင်သမျှကို ပြုံးပြုံးကြီး ငေးကြည့်နေလေသည် ။

"ဝိုင် မင်းငါ့ကို နည်းနည်းပါးပါး မကူချင်ဘူးလား "

"ကျွန်တော် ဘာမှ မလုပ်တတ်ဘူးလေ ဦး ကလည်း "

ဦး က သက်ပြင်းချပြီး ထမင်းကြော်ကို ဆက်ကြော်နေလေသည် ။ ဦး ဟင်းချက်နေတာကို ငေးကြည့် နေရသည်မှာလည်း အနုပညာ တစ်ခု ။

ထမင်းကြော်တွေကို ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး ကျွန်တော် ထိုင်နေသည့် စားပွဲပေါ်သို့ ယူလာပေးသည် ။ မျက်နှာက ထုံးစံအတိုင်း တည်တင်းနေဆဲ ။

နွားနို့စိမ့်စိမ့်လေး တစ်ခွက်ကိုလည်း ကျွန်တော့်ရှေ့သို့ မမေ့မလျော့ ယူလာပေးသည် ။

"ဟာဗျာ ဦးကလည်း ဒီညတော့ ဝိုင် သောက်ကြမယ်လေဗျာ "

"မရဘူး "

Laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော ဦးကြောင့် စိတ်တိုလာသည် ။ New Year ညမျိုးမှာတောင် သူက အလုပ်လုပ်နေတာကတော့ လွန်ပြီ ။

"ဦး "

"အင်း "

မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း ဖြေသော်လည်း အကြည့်က laptop ကနေ နည်းနည်းလေးမှ ခွာမလာ ။

"ဦးဝေ "

"အင်း "

လှည့်တောင်မကြည့် ..... စာရိုက်တောင် မပျက်ပဲ ဝတ်ကျေတမ်းကျေ ထူးသည် ။

အလုပ်များနေလို့ စကား မပြောနိုင်ဘူးပေါ့ ? အိုခေလေ ရတယ် ... တစ်သက်လုံး အလုပ်ပဲ လုပ်နေပစေ !

"ဝိုင် ? "

ပြန်ထူးသံ မကြားလို့ လှည့်ကြည့်လိုက်တော့ ကောင်လေးက ထမင်းကြော် ထိုင်ပြီး စားနေလေသည် ။

"ဘာပြောမလို့လဲ ဝိုင် "

"...... "

လုံးဝ ပြန်မဖြေ ။ နွားနို့ သောက်ရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလေသည် ။

ဒီကလေး စိတ်ကောက်သွားလေပြီ ။

"ငါ မချော့တတ်တာ မင်းသိရဲ့သားနဲ့ ဝိုင်ရာ "

Special Moments Where stories live. Discover now