2. U

395 35 0
                                    

2.

~Destiny
~ SheinHtetNaing_NyiMinYan

>>>>>>>>>>>

"ရှိန်း "

"အင်း "

"ဟိုလေ ... မနက်ဖြန် အားလား "

Schedule တွေ ဆွဲနေရင်းက တစ်ချက်မော့ကြည့်ပြီး လုပ်လက်စ စာရွက်စာတမ်းတွေကို မျက်ရိပ်ပြကာ  အလုပ် ဆက်လုပ်နေသည် ။

ညီမင်းယံ ဒီလောက်ဆို နားလည်လိုက်ပါပြီ ။

"ကျွန်တော် ကြည်တဲ့ ကားထဲက မင်းသား ၂ ယောက် လာမှာ "

"အဲဒီတော့ ? "

"လေဆိပ် သွားမလို့ လိုက်ခဲ့ပါလား "

စာရွက်တွေ လှန်လှောနေရင်း မျက်မှောင်ကြုံ့ထားသည် ။

"မလိုက်ဘူး "

မအားရင် မအားကြောင်း သေချာ နားလည်အောင် ရှင်းပြတော့ ကျွန်တော်က အတင်း လိုက်ခိုင်းမှာမို့လား ??

ဒီလူကြီးကလေ အချိုးကို မပြေဘူး !

သောက်ရမ်း မုန်းဖို့ကောင်းတယ် !

"စိတ်ထဲကနေ မျိုးစုံ ကျိန်ဆဲမနေနဲ့ ကိုယ် မင်းထက် အသက်ကြီးတယ် ညီ "

"ဟား အဲ့တော့ ကြောက်ရမှာတဲ့လား "

"ညီ ! "

အော်လိုက်တာ အနည်းငယ် အသံကျယ်သွားသော်လည်း ပန်ဒါကောင်လေးက အဖက်ပင် မလုပ် ။
မခန့်ပုံများ လွယ်အိတ် ကောက်လွယ်ပြီး ထထွက်သွားလိုက်သေး ။ 

"ဒါ ဘာအချိုးချိုးတာလဲ ? ပြောတော့ ဒီ တစ်ပါတ်လုံး ရှိန်း အိမ် လာနေမှာဆို အခု ဘယ်သွားမလို့လဲ "

"လေဆိပ်မှာ သွားအိပ်မလို့ "

"မင်း ! "

လွယ်အိတ်လွယ်ပြီး တစ်ချက် ပြန်လှည့်ကြည့်ကာ ဘုရှိုးရှိုးသည် ။ ဒါက ယောက်ျားလေး ဖြစ်ပြီး စိတ်ကောက်နေသည့် သဘောပေါ့လေ ။

ရှိန်းထက်နိုင် ဆိုတဲ့ ကောင်က ချော့မယ်များ ထင်နေလား ?

"ညီ ! မင်း ဒီက ခြေတစ်လှမ်း ထွက်သွားတာနဲ့ နောက် ဘယ်တော့မှ ကိုယ့်ဆီ ပြန်မလာနဲ့တော့ "

ညီမင်းယံ ခြေလှမ်းတွေက တုန့်ကနဲ ရပ်သွားပြီး အခန်းတွင်း အခြေအနေက ငြိမ်သက်သွားသည် ။

Special Moments Opowieści tętniące życiem. Odkryj je teraz