0.8 U

427 27 0
                                    

Birthday Event _ 2 🎂🎂

☆☆☆☆☆☆☆☆

"နင်ရွှေဘို မပြန်တော့ဘူးလား ရှင်း "

"ပြန်ပြီး ဘာလုပ်ရမှာလဲဟာ နင်သာ မြန်မြန်ပြန်စမ်းပါ နင့်ရဲ့ ငယ် က နင့်ကို မေ့သွားဦးမယ် "

"No way ! "

ဇော် ကတော့ ထုံးစံအတိုင်း ရှပ်အင်္ကျီ တစ်ထည်ကို ဂျင်းဘောင်းဘီနှင့် တွဲဝတ်ထားသည် ။ စကားပြောပုံတွေ နည်းနည်း ပြောင်းသွားသော်ပေမယ့် အမူအကျင့်တွေက မပြောင်း ။

"ဇော် နင့်ကို ဒီမှာ ရွှန်းလို့ ခေါ်ကြတာလား"

"Yeah ! "

"ပြောတော့ မိန်းကလေးဆန်တယ် မကြိုက်ဘူးလေး ဘာလေးနဲ့ "

"လူဆိုတာ အကြိုက်တွေ ပြောင်းလဲတတ်တယ်လေ "

ဒါပေါ့လေ အကြိုက်တွေက ပြောင်းလဲတတ်သည် ။ အချစ်ကိုသာ ပြောင်းလဲလို့ မရနိုင်တာ ။

"မမရွှန်း မြည်းကြည့်ဦး သံပရာရည်နဲ့ တူနေပြီ "

မင်းယံ အပြောကြောင့် ကော့တေး ဇလုံကို ကြည့်လိုက်တော့ သစ်သီးဖျော်ရည်နဲ့ ပိုပြီး တူနေသည် ။

ပလက်စတစ်ဇလုံ ခပ်ကြီးကြီးတွင် ပန်းသီး ၊ နင်္ဂါးမောက်သီး ၊ ပန်းသီတော် ၊ စပျစ်သီး ၊ သံပရာသီး  ...စတာတွေကို ရောပြီး ဝိုင် ထည့်ထားသည်။ ဆော်ဒါ ၂ ဗူး စပ်ပြီး ဟန်နီကန် တစ်ဗူးသာ ထည့်သည် ။ ရေခဲတွေက အများကြီး ။

"Oh God ! တကယ်ကြီး ဝိုင်အရသာတွေတောင် ပျောက်ကုန်တာဘဲ သံပရာသီး ဘယ်လောက်တောင် ထည့်လိုက်တာလဲ "

" ၄ လုံး "

"ရေခဲတွေ ပြန်လျော့လိုက်မယ် ရေခဲတွေ အရမ်းများနေတယ် "

"ကျွန်တော်ပြောပါတယ် ဟန်နီကယ် များများဝယ်ပါဆို "

"သောက်ကလေးရဲ့ မိန်းကလေးတွေလည်း ပါတယ်လေ နင့် မမမေ မူးပြီးငါ့ကို လာရစ်နေလိမ့်မယ် "

"မမမေ ကို စပိုင် ထပ်မှာလိုက်ပါလား မား "

"အေးအေး "

မေ့ ဆီ ဖုန်းဆက်တော့ တော်တော်လေးနေမှ ကိုင်သည် ။

"မေ ရေ ဘယ်ချိန်လာမှာလဲ မြန်မြန်လာ မေ လာရင် ဝယ်ခိုင်းစရာလေးရှိလို့ "

Special Moments Where stories live. Discover now