ကလေးနှစ်ယောက်ကို ကာကွယ်ဖို့(၂)

14.2K 1.4K 18
                                    

       အပိုင်း (၂)
ကလေးနှစ်ယောက်ကို ကာကွယ်ဖို့

Zawgyi version

   " ငါ ဘယ်သူလဲဟင် "

သူရဲ့ သခင်လေးက သူရှင်းပြတာကို နားထောင်ဖို့ နောက်တစ်ခေါက် မေးမြန်းလိုက်တဲ့အခါမှာ ဘုံချွန်းလည်း ဝေခွဲမရဘဲ ရှုပ်ထွေးလာရကာ နောက်တစ်ခါ မျက်ရည်တွေ ထွက်လာပြန်လေတော့တယ်။

အို~~~ နတ်ဘုရားတွေက သခင်လေးကို အမှန်တကယ်ကို မျက်စိလည်အောင် လုပ်ခဲ့သလားပဲ...
သခင်ငယ်လေးကို မွေးပေးလိုက်ရလို့ တကယ်ကြီး ဉာဏ်ရည်ချို့တဲ့သွားတာတော့ မဟုတ်လောက်ပါဘူးနော်?!

ဘုံချွန်းက သူရဲ့ မြစ်လေးကနေ မြစ်ကြီးဆီကို ရေစီးသလိုမျိုး ယိုစီးကျလာခါနီး မျက်ရည်စတွေကို
စုစည်း သိမ်းဆည်းလိုက်သည်။ ဘုံချွန်းက အမှန်တကယ် ပူပန်စိုးရိမ်နေပေမယ့်လည်း သူရဲ့မျက်နှာမှာတော့ ဘာမှ ဖော်ပြမှာမဟုတ်ဘူး။

ဒါပေမယ့်လည်း သူ့သခင်လေးရဲ့ လေးလေးနက်နက် မေးမြန်းနေတာကိုတွေ့ရတော့ စိတ်ခံစားမှုကို မြိုသိပ်ကာ ပြန်ဖြေလိုက်တယ်။

     " သ..သခင်လေး ... သခင်လေးက အများသိတဲ့ ကြင်ယာတော် ဟွမ်မင်လေ  "

ဘုံချွန်းက ချီတုံချတုံနဲ့ ပြန်ဖြေလိုက်တယ်။ ပြီးမှ
သူတို့လို အစေခံတွေအနေနဲ့ မိမိ၏သခင်ဖြစ်သူ့၏ နာမည်အပြည့်အစုံအား ခေါ်မိလျှင် ရိုသေလေးစားမှု မရှိရာရောက်သည့်အတွက် ဆိုးဝါးတဲ့ အပြစ်ဒဏ်တွေက သူ့အပေါ် မကျရောက်တော့လာဖို့သာ ဘုရားတရင်း မျှော်လင့်ရတော့သည်။

ဟွမ်မင်းကတော့ ဘုံချွန်း ရှင်းပြတာကို နားထောင်ပြီးတဲ့အခါ ချက်ချင်းဆိုသလို ကြောက်ရွံ့လန့်ဖျပ်သွားပြီး မျက်နှာမှာလည်း ဖြူရော်လာကာ ဦးခေါင်းကနေ ခြေဖျားထိ ရေအေးနဲ့ ပလုံခနဲ လောင်းချခံလိုက်သလိုရေခဲတုံးနဲ့ ခြစ်ကုတ်ခံလိုက်သလို ရောထွေးသွားစေတယ်။

သူတကယ်ကို ဘဝကူးပြောင်းခဲ့တယ်။ ဘဝကူးပြောင်း ယုံတင်မကဘဲ အခု သူအကြိုက်ဆုံး ဝတ္ထုဇာတ်လမ်းဖြစ်တဲ့  ' ချစ်လှစွာသော ကြင်ယာတော် ' ဆိုတဲ့ ဇာတ်လမ်းထဲရောက်နေတယ်။ ဒါ့အပြင်ကို သူတော်တော်လေးကို သဘောမကျဖြစ်ခဲ့တဲ့ အချစ်စိတ်မွှန်ပြီး ဘာမှမမြင်တတ်တော့တဲ့ ကြင်ယာတော် ဟွမ်မင်းဆိုတဲ့ ဇာတ်ကောင်နေရာကိုလဲ ရောက်နေသေးတယ်။

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Where stories live. Discover now