လိုချင်တာကငါ ရသွားတာကသူ(၁၁)

9.4K 1K 6
                                    


        ဝှား......

အိပ်နေရာကနေ ဟွမ်မင်းနိုးလာတဲ့အခါ အနည်းငယ် မူးမိုက်သွားပြီး ခဏငြိမ်နေလိုက်ကာ သူ့ရဲ့ မျက်ချေးတွေကို ပွတ်ထုတ်လိုက်ပြီး သူ့မျက်နှာက ကြောင်ချီးရုပ်နဲ့ ခြေလက်ကို ဆန့်တန်းကာ ပျင်းကြောဆန့်လိုက်တယ်။

သူရဲ့ လက်မောင်း အောက်ဘက်ကို ကြည့်လိုက်တော့ ဟွမ်ဂျွန်းကလည်း နိုးနေကာ သူ့ကို ငေးကြည့်နေခဲ့ပြီး သူ့ရဲ့ ညာဘက်လက်သန်း ကလေးကို စုပ်နေခဲ့တယ်။
ဟွမ်မင် ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးရဲ့ နဖူးကို နမ်းလိုက်တယ်။

ဟွမ်မင်က ဘုံချွန်းများ နိုးနေမည်လား အထင်နဲ့ ဘုံချွန်းကို လှမ်းကြည့်လိုက်ပေမယ့် သူကတော့ စောင်တို့ကို တင်းကျပ်စွာဖက်ထားရင်း အေးချမ်းစွာ အိပ်စက်အနားယူနေဆဲ။

အာ... တကယ့်ကလေးလေး ကျနေတာပဲ

အတော်ကြာတဲ့အခါ ဟွမ်မင်လည်း မျက်စိကျယ်သွားခဲ့ပြီး စိတ်မပါပေမယ့်လည်း သုရဲ့ကလေး ဟွမ်ဂျွန်းနဲ့အတူ  ပြင်လိုက်တယ်။ မနေ့ညက ဘုံချွန်း ဂူကို ရှာရှင်းနဲ့ ဂူရဲ့ အရှေ့မှာ ချာင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။
တကယ်တော့ ဒီ လှပတဲ့ တောအုပ်ကြီးထဲမှာ ထူးထူးခြားခြား ချောင်းတွေ အများကြီး မရှိခဲ့ဘူး။

  ဟာကွာ!!! ခေါင်းလျော်ရည်လေးရေ... ငါလိုအပ်တဲ့အချိန် မင်းဘယ်များရောက်နေလဲလေ...

ဟွမ်မင် သူ့ဘာသာသူ အထွဋ်တက်လိုက်တယ်။ ချောင်းမှာ ရှိတဲ့ ရေလေးနဲ့ပဲ ခန္ဓာကိုယ်ဆေးကြောကာ ရေမိုးချိုးလိုက်ပြီး ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး မပါလို့ ခံစားချက်မပြီးပြည့်စုံပေမယ့် သန့်တော့ သန့်ရှင်းသွားပါပြီလေ။

ဒီကမ္ဘာကို စရောက်ကတည်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခေါင်းမာမာနဲ့ သူရင်ဆိုင်ခဲ့ပြီး ရှေးဟောင်း Fantasy ပုံစံ ဝတ္ထုတွေကို ၂၁ရာစုမှာ အရင်တုန်းက သိသိသာသာ ဆေးစွဲသလို မဖတ်ရမနေနိုင်အောင် စွဲခဲ့တယ်။ တကယ်လို့ သူသာ ဒီကိုရောက်လာရမယ်မှန်းသိရင် အဲ့လောက်ထိ မဖတ်ဘဲ အလိုက်သင့်လေးပဲ ဖတ်ခဲ့မှာပေါ့လို့။

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Where stories live. Discover now