ငါဘယ်သူလဲ,ဒါဘယ်နေရာလဲ(၁)

19.1K 1.6K 14
                                    

အပိုင်း(၁)
ငါဘယ်သူလဲ,ဒါဘယ်နေရာလဲ

Zawgyi version

ထာဝရ အိပ်စက်နေရာမှ နိုးထလာသလို ဟွမ်မင်နိုးလာခဲ့ပြီး မျက်လုံးကို တစ်ဖျပ်ဖျပ်ခတ်လိုက်တယ်။

သူရဲ့အမြင်အာရုံဟာ ရေလိုစတင်ပြီး တစ်ဖြည်းဖြည်း ကြည်လင်လာကာ အတော်ကြာ မလှုပ်ရှားနိုင်ဘဲ ဘေးပတ်ဝန်းကျင်ကို မျက်လုံးအား အနည်းငယ် ကျဉ်းမြောင်းကာ လေ့လာနေမိသည်။

ပြီးတော့ အခုသူက တော်တော်လေး အိပ်မွေ့ချခံနေတဲ့ အခြေအနေပါလားလို့လည်း တွေးထင်မိလိုက်သေးသည်။

နောက်ဆုံးတော့ သူရဲ့အမြင်အာရုံက သေသေချာချာကို ကြည်လင်ပြတ်သားလာပြီနောက် ရုတ်တရက် သူရဲ့ ဝမ်းဗိုက်အောက်က နေရာကနေ အသည်းခိုက်အောင် နက်ရှိုင်းတဲ့ နာကျင်မှုမျိုးကို ခံစားလိုက်ရတယ်။

ဒီလို ရုတ်တရက်ဆန်တဲ့ အစာအိမ်အောက်ပိုင်းက ဘာလို့နာကျင်နေတာလဲဆိုတာ ဟွမ်မင်ကို နားလည်ရခက်စေပြီး ယခုလို မထင်မှတ်ဘဲ နေရာလွဲ၍နာနေတာကို လက်တွေ့ ခံစားလိုက်ရတဲ့အခါ
နှုတ်ခမ်းဖျားတို့ပါတုန်ရီလာပြီး သည်းညူလိုက်မိတယ်။

အားး!! ခ..ခဏ.. ဘာလို့ ငါ့ခေါင်းကမနာတာလဲ? ပြီးတော့ ဘာ..ဘာလို့ ငါ့အသံကြီးက အရမ်းအက်နေရတာလဲ?!

ဟွမ်မင်တစ်ယောက် သူရေရေရာရာမသိရသေးတဲ့ အခန်းငယ်လေးကို ဆယ်မိနစ်လောက် သူရဲ့ခေါင်းလေးကိုထောင်ကာ သေချာအာရုံစူးစိုက်ကြည့်နေလိုက်ပြီး နောက်ဆုံးတော့ သူရဲ့အသည်းလေး ကွဲကြေသွားခဲ့သည်။

သူ့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာနေတဲ့ အမြင်အာရုံရဲ့ အဆုံးသတ်ကို ဟွမ်မင် နားလည်သဘောပေါက်လိုက်ချေပြီ။
ရေလွှာလှိုင်းတွေ တစ်ခုပြီးတစ်ခုစီးနေရသလို အရိပ်အမြွက် အကြီးကြီးတစ်ခုကို သိလိုက်ရပါတယ်။

သူရဲ့ထင်ရှားပြီး ကြည်လင်တဲ့ မြင်ကွင်းကြောင့် ကမန်းကတန်းကြည့်မိကာ အထိတ်တလန့်ုဖြစ်သွားပြီး အကြီးအကျယ် ရှော့ခ်ရသွားကာ သက်ပြင်းအကျယ်ကြီး ချလိုက်မိသည်။

ဟေး.... ဒီနေရာက ငါလေး ငါးနှစ်ကျော်ကျော်နေလာခဲ့တဲ့ နေရာမဟုတ်ဘူးဟ ?!

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Opowieści tętniące życiem. Odkryj je teraz