" သခင်လေး ဟိုကိုကြည့်လိုက်ပါဦး "
" ဘုံချွန်းနဲ့ ရှင်းရီ ဒီထဲက တစ်ခုခုကို မလိုချင်ဘူးလား "
" ဝိုး... လှတာတွေ အများကြီးပဲ "
ဈေးနဲ့ စားသောက်ဆိုင်တွေကို တော်တော်ကြာ စူးစမ်းရှာဖွေပြီးတဲ့အခါမှာ မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ ဈေးပေါသော လက်ဝတ်ရတနာများနှင့် မုန့်ပဲသရေစာ များကို ဝယ်ယူထားပြီးဖြစ်သည်။ လည်ပတ်ပြီးတဲ့နောက် သူတို့ရဲ့ နောက်ဆုံး အစီအစဉ်က ညစာစားဖို့ပင် ဖြစ်သည်။
သူတို့က သွားလာနေတဲ့ လမ်းတစ်လျှောက်လုံးမှာ လမ်းဘေး စာသောက်ဆိုင်လေးတွေကို လိုက်ရှာကြည့်နေခဲ့ပြီး အဆုံးမှာ ခေါက်ဆွဲစွတ်ပြုတ်ဆိုင်၌ စားသုံးရန် ဆုံးဖြတ်လိုက်ကြသည်။ အထူးသဖြင့် စားသောက်ဆိုင် ရှာဖွေသည့် နေရာတွင် ဘုံချွန်းက ပိုတောင် တော်နေသေးသည်။
ဘုံချွန်း စာသောက်ဆိုင်ကို ရောက်တာနဲ့ ပထမဆုံး သတိပြုမိတာက အရင်က စားဖို့သောက်ဖို့ အတွက်ပင် ခက်ခက်ခဲခဲ စုဆောင်းခဲ့ရသည့် အချိန်တွေကို မေ့လျော့နေမိခဲ့ပြီး လက်တွေ့မှာတော့ ဒီနေ့တစ်နေ့လုံး၏ ကုန်ကျစရိတ်အားလုံးကို ဟွမ်မင်က ရှင်းပေးနေတာတောင် မကြာသေးပေ။
ဟွမ်မင်သည် ကြီးမားပြီး သနားချင့်စဖွယ်ကောင်းတဲ့ ခွေးပေါက်လေးက သူ့အား ဈေးဝယ်နေသည့် တောက်လျှောက် စိတ်ဆိုးနေသော ကလေးတစ်ယောက်က ပူဆာတာမရလို့ စိတ်ကောက်နေသယောင် ကြည့်နေခဲ့တာကို မြင်တွေ့ခဲ့တာကြောင့် သူရှင်းပေးခဲ့ခြင်း။
ဘုံချွန်းလက်သန်းအား သူ၏လက်သန်းဖြင့် ချိတ်ကာ ကတိပေးလိုက်ပြီး ဈေးဝယ်နေရာကနေ ညစာစားဖို့ ဒီနေရာကို ရောက်လာခဲ့ကြသည်။
ဒါဆို သူတို့ရောက်သွားတဲ့အချိန်မှာ ဘာတွေ ဘယ်လိုဖြစ်သွားမလဲ မသိချင်ဘူးလား?
ကောင်းပြီ။
ဘုံချွန်းက စားသောက်ဆိုင်ထဲအား အပြင်ကနေ အထဲကို အထုပ်အပိုးတွေ အပြည့်နဲ့ ဝင်လာပြီး ဈေးဝယ်သူတွေကြားနိုင်လောက်အောင် အော်ပြီး ကြွားနေသေးတယ်။ သူဘယ်လောက်ဝယ်နိုင်ကြောင်းကိုပေါ့။
YOU ARE READING
နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )
Random21ရာစုမှ BL ဇာတ်လမ်းတွေ ဝထ္တုတွေကို အရမ်းကြိုက်တဲ့ Fudanshi ကောင်လေးတစ်ယောက် ရှေးခေတ်ဇာတ်ကြောင်းထဲကို Time travel အနေနဲ့ ရောက်ရှိသွားတဲ့အခါ...... 21ရာစုမှ BL ဇာတ်လမ်းတွေ ဝထ္တုတွေကို အရမ်းကြိုက်တဲ့ Fudanshi ကောင်လေးတစ်ယောက် ရှေးခေတ်ဇာတ်ကြောင်းထဲကို Ti...