တစ်နာရီကျော်လောက် ကြာတဲ့အထိ ကလေးလိုမျိုး သူကိုယ့်သူ ကြည့်ပြီး ပြန်အားကျကာ အဝရှုစားပြီးမှ
ဒီကမ္ဘာရဲ့ သမိုင်းကြောင်းကို ဟွမ်မင်း ပြန်စဉ်းစားမိတယ်။ဒီဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ စာရေးဆရာရဲ့ ရေးသားပုံအရ သူရောက်နေတဲ့ နေရာရဲ့ အချက်အလက်ကို တော်တော်များများတော့ နားလည်သိရှိထားတာ ရှိတယ်။
ဒီကမ္ဘာပေါ်က အမျိုးသားတွေဟာ ကလေးမွေးနိုင်ကြတယ်။ အဲ့လို ကလေးမွေးနိုင်တဲ့ အမျိုးသားတွေကိုတော့ မျိုးကျဲသူ ဆိုပြီးခေါ်ကြတယ်။
မျိုးကျဲသူ တစ်ယောက်ဖြစ်တဲ့ အမှတ်အသား တစ်ခုအနေနဲ့ ယောကျာ်းတစ်ယောက်ဟာ မျိုးကျဲသူ မျိုးရိုးဖြစ်ခဲ့တယ်ဆိုရင် သူရဲ့ မြင်သာထင်သာတဲ့ ခန္ဓာကိုယ်အနှံ့က တစ်နေရာရာမှာ အနီရောင် အစက်တွေရှာတွေ့လိမ့်မယ်။အများအားဖြင့် အဲ့ဒီအစက်အမှတ်က ဒီဝတ္ထုမှာလည်း တစ်ခြားဇာတ်လမ်းတွေလိုပဲ ဘယ်လိုမဆို အလွယ်တကူ တွေ့နိုင်တဲ့ မျက်နှာ ၊ လည်ပင်း ၊ ဂုတ် ၊ လက်မောင်းတွေမှာ ရှိနိုင်ပြီး တစ်ချို့ကတော့ ထူးထူးခြားခြား ပေါင်ကြားတွေမှာပါ ရှိတတ်ကြတယ်။
ပြီးတော့ တစ်ခြားဝတ္ထုနဲ့ မတူကွဲပြားသွားတာကတော့ မျိုးကျဲသူ အမျိုးသားတွေဟာ ကလေးမွေးဖွားပေးရတဲ့အပြင် သူတို့ရဲ့ အပျိုစင် လူပျိုစင် ဘဝကိုလည်း ဆုံးရှုံးကြရတယ်လို့ ဖော်ပြထားတယ်။အဲ့လိုဆိုတော့ ဒီကမ္ဘာမှာ ရှိနေတဲ့ အမျိုးသမီးတွေအတွက် အခုလို သမာရိုးကျ မဟုတ်တဲ့ လိင်အမျိုးအစား အပိုတစ်ခု ရှိနေတာက စိတ်ညစ်ရစေတယ်။ ဒါကြောင့် ဒီကမ္ဘာဟာ ယောကျာ်းတွေအားလုံးလည်း စိုးမိုးခြယ်လှယ်လို့ မရပြန်ဘူး။
ဒီဇာတ်လမ်းကို ရေးသားထားတဲ့ပုံစံက ရိုးရိုးပုံစံမျိုးမဟုတ်ဘဲ ဒဏ္ဍာရီလာ စိတ်ကူးယဉ်ပုံစံမျိုး ဖန်တီးထားပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားကောင်တွေ နေထိုင်တဲ့ တောအကြောင်းကိုလည်း ရေးထားတယ်။
တောကောင် အများစုက လူသားတွေနဲ့ အဆက်အသွယ် သိပ်မလုပ်တက်ကြပေမယ့် တကယ်လို့ သူတို့သာ ကံကောင်းမယ်ဆိုရင် တောကောင်တွေနဲ့ ဆက်သွယ်ဖို့ မျော်လင့်ချက်ရှိနိုင်တယ်လို့ တွေးလို့ရသေးတယ်။
YOU ARE READING
နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )
Random21ရာစုမှ BL ဇာတ်လမ်းတွေ ဝထ္တုတွေကို အရမ်းကြိုက်တဲ့ Fudanshi ကောင်လေးတစ်ယောက် ရှေးခေတ်ဇာတ်ကြောင်းထဲကို Time travel အနေနဲ့ ရောက်ရှိသွားတဲ့အခါ...... 21ရာစုမှ BL ဇာတ်လမ်းတွေ ဝထ္တုတွေကို အရမ်းကြိုက်တဲ့ Fudanshi ကောင်လေးတစ်ယောက် ရှေးခေတ်ဇာတ်ကြောင်းထဲကို Ti...