လနှစ်စင်းရဲ့ ကံကြမ္မာ(၉)

10K 1.1K 3
                                    


      ဟွမ်မင် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီး ကောင်းကင်ရဲ့ လှပမှုကို ရှုစားနေလိုက်တယ်။ ဒါဟာ တကယ်ကို လှပပြီး ကောင်းကောင်ပေါ်က ကြယ်နဲ့ လဟာ အရမ်းကို နီးကပ်နေတယ်လို့ ထင်ရတယ်။ တကယ်တော့ မနီးကပ်ပါဘူး။

သူဘဝကူးပြောင်းလာပြီးတဲ့ နောက်မှာ ဒါကပထမဦးဆုံး သူရဲ့ စိတ်မှာ တကယ့်အေးချမ်းမှုကို ခံစားရတာပဲ။ ငြိမ်သက်အေးချမ်းနေတဲ့ ညအခါမှာ အင်းဆက်ပိုးမွှားတွေရဲ့ သားချော့တေးပမာ တဝီဝီအော်နေတဲ့ အသံတွေကသာ ဆူညံနေတယ်။ လေတွေရဲ့ ရွှီခနဲ ရှဲခနဲ မြည်နေတဲ့ အသံတွေကတော့ နောက်ခံတီးလုံးနဲ့ သွားတူနေတယ်။ အဲ့ဒီအချိန်အတွင်းမှာ သူတို့ နင်းသွားလို့ မြက်ခင်းပြင်က ထွက်ပေါ်လာတဲ့ တရှဲရှဲ အသံကိုပါ ပေါင်းလိုက်တော့ မသိရင်  တေးဂီတ အမျိုးအစားတစ်မျိုး ဖြစ်လာသလိုလိုပဲ။

အမှန်တကယ် ဒီထက်ပိုပြီး ညအလှနဲ့ အေးချမ်းမှုကို အဓိပ္ပါယ်ဖွင့်ဆိုချင်သေးပေမယ့်လဲ သူတို့က လောလောဆယ် ထွက်ပြေးနေရတယ်လေ။

သူ့သခင်က လကို တည်ငြိမ်အေးချမ်းစွာ ငေးမောကြည့်နေတာကို မြင်တော့ ဘုံချွန်း တစ်စုံတစ်ခုကို ပြောရန်ဆုံးဖြတ်လိုက်တယ်။

     " သခင်လေး ... ကြားဖူးလား  "
ဘုံချွန်းက မေးလိုက်တဲ့အခါ ဟွမ်မင်က နူးညံ့စွာ ပြန်ဖြေတယ်။

    " ဘာကြားဖူးရမှာလဲ  "

 
         " လနှစ်စင်းဇာတ်လမ်းလေ  "

     " အင်... မကြားဖူးဘူး ငါ့ကို ပြောပြလေ  "

ဟွမ်မင် ရုတ်တရက် စိတ်ဝင်စားသွားတယ်။ သူက ပုံပြင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ သူဖြစ်တာကြောင့် ဒီလနှစ်စင်းဆိုတဲ့ နာမည်က သူ့ကို အတော်လေး စိတ်ဝင်စားစေတယ်။

    " ဟုတ်...  "

ဟိုးအရင်တုန်းက လနှစ်စင်းဆိုတာက သေမျိုးနယ်ပယ်က လူတွေပဲ ဖြစ်ပြီးတော့ သူတို့တွေက ချစ်သူတွေ ဖြစ်ကြတယ်...

နောက်တော့ သူတို့က လူဝင်စားခဲ့ကြတယ်။
သူတို့ဟာ ဒဏ္ဍာရီ သားကောင်တွေအဖြစ် ဝင်စားခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး အချစ်မှာ ကျရှုံးကာ ချစ်မိခဲ့ကြတယ်...

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Tempat cerita menjadi hidup. Temukan sekarang