တက်မလာနဲ့ ချနင်းလိုက်မယ်

12.3K 1.3K 34
                                    


ဟွမ်မင်း တော်တော်ကြာအောင် ဥယျာဉ်ကို နက်နက်ရှိုင်းရှိုင်းကြီး စိုက်ကြည့်နေခဲ့ပြီး ကူရာမဲ့စွာ သက်ပြင်းချလိုက်ပေမဲ့ ဒီဥယျာဉ်ရဲ့ လှပမှုနဲ့ အေးချမ်းမှုတို့က ဘာကြောင့်မှန်းမသိ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်စေကာ တွေးနေတဲ့ အတွေးတွေကလည်း ဘာမှမရှိ ဗလာသက်သက်။

ဒီနေရာက သူ့အတွက် အတော်အသင့် နေရထိုင်ရ အဆင်ပြေပေမယ့် နေရာအသစ်ဖြစ်တဲ့ အတွက် သူနဲ့ အသားမကျသေးဘူး။ သူ့အတွက် လုံးလုံးလျားလျား သက်သောင့်သက်သာ မဖြစ်စေတဲ့အပြင် ဒီကမ္ဘှာ သူ့အတွက် စစ်မှန်တဲ့ အရာဆိုလို့ သိပ္ပံပညာအရ လေထုထဲမှာ သိပ်သည်းထူပိန်းနေတဲ့ လေတွေပဲရှိတယ်။ ကျန်တာတွေက သူ့အတွက် အလိမ်အညာ တစ်ခုကြီးလိုပဲ။

ဒါ့ထက်ပိုတာက အခုထိ သူပင်ပန်းခဲ့ရတွာေ ကြိုးကြိုးစားစားနဲ့ ပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေကို ပြန်လည် စဉ်းစားမိရင် ယခင်နေခဲ့တဲ့ အိမ်ကို သတိရစိတ်တွေ ဖြစ်လာမိတယ်။

ဟွမ်မင်း နက်နက်နဲနဲ တွေးတောနေတဲ့ အချိန် အဝေးတစ်နေရာက ဇာတ်ကောင်တစ်ဦးရဲ့ အသံကိုကြားလိုက်ရတယ်။ ချက်ချင်း သူ့ရဲ့ အတွေးတွေကို ရုတ်သိမ်းလိုက်ပြီး အသံလာရာဘက်ကို ခေါင်းလှည့်ကြည့် လိုက်တဲ့အခါ ခြံဝင်းရဲ့ တံခါးဝမှာ အစေခံတွေနဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို တွေ့လိုက်ရတယ်။

" ကြင်ယာတော် ဖန်ယွီ.... ကြင်ယာတော် ဟွမ်မင်းကို လာရောက် ဂါဝရပြုပါတယ် "

ဟွမ်မင်းက ဒီအမျိုးသမီး နဲ့ သူ့ရဲ့ အနောက်က အစေခံတွေကို သူ့အနေနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ဖို့ စဉ်းစားနေခဲ့တယ်။

ဒီကြင်ယာတော် ဖန်ယွီဆိုတဲ့ အမျိုးသားကို အကဲဖြတ်ကြည့်လိုက်တဲ့အခါ သူမဟာ ဒီဇာတ်လမ်းရဲ့ သိပ်အရေးမပါတဲ့ ဇာတ်ကောင်နေရာက ပါဝင်နေခဲ့တာကို ဟွမ်မင်း မှတ်မိသွားတယ်။ဒါ့အပြင် သူမမှာ ရိုင်းစိုင်းပြီး ဆိုးဆိုးဝါးဝါး မထီမဲ့မြင် ပြုတတ်တဲ့ အကျင့်ရှိတယ်ဆိုတာကို သူမရဲ့ ဝတ်ပုံစားပုံကြည့်တာနဲ့ သိနိုင်တယ်။ သူအစကတည်းက ပြောခဲ့တဲ့အတိုင်း... သူမက ဒီလိုအရေးမပါတဲ့ ဇာတ်ကောင်မျိုးပဲ။

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Where stories live. Discover now