တောအုပ်ကြီးထဲ စဖြတ်သန်းပြီ(၁၀)

9.4K 1K 4
                                    

့    

         ဘုံချွန်းက သူ့သခင်ရဲ့ အမေးကြောင့် မေ့စေးကို လက်ချောင်းတို့နဲ့ ပွတ်ကာ နက်နဲစွာ စဉ်းစားပြီး ပြန်ဖြေတယ်။

        " အွန်း.. သခင်ကို မလိမ်ဘဲ ပြောရရင် ကျွန်တော်လည်း သေချာမသိဘူး ..ရိုးရိုးသားသား ပြောရရင် အဲ့ဒီ မှော်သားကောင်ရဲ့ သွင်ပြင်က လူပုံစံအတိုင်း ရှိနေမလား ဘယ်လိုရှိနေမလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး  "

ဟွမ်မင်ရဲ့ ခံစားချက်လေးမှာ စိတ်ထိခိုက်သွားရှာလေပြီ။

ငိုးမ စာရေးဆရာ ...အဓိကဇာတ်လိုက်ရဲ့ ဘေးမှာ စွမ်းအားကြီးတဲ့ မှော်သားကောင်က အတူရှိနေတဲ့အပြင် အဲ့ဒီမှော်သားကောင်က ယောကျာ်လေးလား မိန်းခလေးလား ဆိုတာတောင် တစ်ကြိမ်လောက်တောင် မရေးသားပေးခဲ့ဘူး နင်ဘာသုံးစားလို့ရလို့လဲ သောက်ချီးထုပ်ကြီးရဲ့!!! ....

တကယ်ဆို သူမသေခင်ကတည်းက စာရေးဆရာက ဒီကာရိုက်တာအတွဲတွေကို ပြောပြထားခဲ့သင့်တယ်မဟုတ်ဘူးလား !
အခုတော့... တောက်! ဖာခ့်ပဲကွာ!!!!

ဒါပေမယ့် သူဒီကမ္ဘာပို့ခံရသည့်တိုင် ကံကောင်းနေပါသေးတယ်။သူနဲ့အတူ တန်ဖိုးရှိလှတဲ့ ကလေးတစ်ယောက်အပြင် သစ္စာရှိအစေခံလေးကလည်း သူ့အနားမှာ ရှိနေပေးတယ်။နောက်ပိုင်းကျရင် မှော်သားကောင်ကိုလည်း ရလာနိုင်တာပဲလေ။

     " ဟွန့် ဟွန့်.. ငါလည်း တစ်ကောင်လိုချင်တယ်  "

ဟွမ်မင် ငြိမ်သက်သွားတယ်။ သူဘယ်လိုလုပ်မှ မှော်သားကောင်တစ်ကောင်ရဲ့ ချစ်မေတ္တာတွေကို ရမည်နည်း။ အခုတော့ သူမှာ ကျိတ်ပြီး ငိုယိုကာ စိတ်ကူးယဉ်ရုံပဲ တတ်နိုင်သေးတယ်။

   " သခင်လေးကို အားထားရတဲ့  မှော်သားကောင်တစ်ကောင်ကောင်က လိုချင်မှာပါ "

ဘုံချွန်းက အလေးအနက်တွေးခေါ်ကာ ပြောလိုက်တယ်။

ဟွမ်မင်ကတော့ သူ့အစေခံလေးရဲ့ ပြောစကားကြောင့် မျက်ဖြူလန်ပြလိုက်ပြီး ထေ့ငေါ့ပြောလိုက်တယ်။

       " ကျစ်.. အခုလို အားပေးစကားပြောပေးလို့ ကျေးဇူးပါပဲကွယ် "

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Donde viven las historias. Descúbrelo ahora