ဘုံချွန်း ရေသွားချိုးစမ်းပါ (၁၂)

9K 1K 4
                                    


ခရီးကို ဆက်မသွားခင် ဟွမ်မင်တစ်ယောက် ဘုံချွန်းကို ရေချိုးခိုင်းရတော့တယ်။ သူတော်တော်လေးကို ဖျောင်းဖြပြောဆိုပြီး ဘုံချွန်းက လက်ခံကာ ရေသွားချိုးတော့တယ်။

သူ၂၁ရာစုကနေ ဒီကမ္ဘာထဲ ရောက်လာကတည်းက အခုအချိန်ထိ သူ့ရဲ့ အစေခံဘုံချွန်းတစ်ယောက် ရေမချိုးတာ ဘယ်လောက်ကြာသွားပြီလဲ ဆိုတာတောင် မသိတော့ဘူး။ နောက်ဆိုရင် သူ့ရဲ့ သစ္စာရှိခွေးပေါက်လေးကို နေ့တိုင်းရေချိုးခိုင်းဖို့ နံပါတ်တစ် ဦးစားပေး ဆောင်ရွက်ရတော့မယ်။

တကယ်တော့ တစ်ကိုယ်ရေ သန့်ရှင်းခြင်းနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းက ရောဂါကာကွယ်ပြီး ကျန်းမာခြင်းရဲ့ အဓိက သော့ချက်ပဲ !

ဘုံချွန်းကလည်း ရေသွားမချိုးခင်မှာ သူ့သခင်နဲ့ အမွေးဖွားလေး အတူတူရှိနေမယ့် ပုံစံကို စိတ်ထဲမှာ တွေးလိုက်ပြီး အမြန်သွားကာ ခဏလောက် ရေစိမ်ပြီး ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်။

ဟွမ်မင်ရဲ့ ပုခုံးပေါ်မှာ ထိုင်နေတဲ့ အမွေးဖွားလေးက ကစားချင်စရာပေ။
ဒါကြောင့် သေချာပေါက် သူကစားတာပေါ့လေ။
ဟွမ်မင်ဟာ ကြာပန်းပုံစံ ထိုင်နေပြီး သူ့ရဲ့ဘယ်ဘက် ပေါင်ခွင်ကြားထဲမှာ ဟွမ်ဂျွန်းလေးကို ထည့်သိပ်ထားကာ ပြုတ်ကျမသွားဖို့ သူရဲ့ လက်တစ်ဖက်နဲ့ ပွေ့ဖက်ထားတယ်။ အဲ့ဒီ အမွေးဖွားကောင် သေးသေးလေးကတော့ ဗလုံးဗထွေးနဲ့ ဘာမှမသိတဲ့ အသံတွေပြု၍ ရေပတ်မဝင်အောင် စကားတွေပြောနေတယ်။
အဲ့ဒီအချိန်မှာ အမွေးဖွားလေးရဲ့ လက်ကို ဆောင့်ဆွဲချလိုက်ပြီး စတင် ကစားတော့တယ်။

အမွေးဖွား သတ္တဝါလေးကို ညာဘက်ပေါင်ခွင်ပေါ် ပေးထိုင်စေလိုက်ပြီး သူရဲ့ လက်ချောင်းတွေနဲ့ ခြေကုန်လုံးပန်းကျတဲ့အထိ ကစားပြန်တော့တယ်။
ပြီးတော့ အမွေးဖွား အကောင်လေးကို အနီးကပ်ဆွဲယူကြည့်လိုက်ပြီး အကောင်လေးရဲ့ ပုံသဏ္ဍာန်ကို သူ့စိတ်နဲ့ ပိုင်းခြား စိတ်ဖြာလိုက်တယ်။

( T/N - လက်ချောင်းနဲ့ ကစားတယ်ဆိုတာ ကလိထိုးတာကို ပြောချင်တာ ဖြစ်မယ်😌😌)

ဒီအမွေးဖွားကောင်လေူရဲ့ ပံစံကို အကောင်းဆုံး ညွှန်းပြရရင် လင်းနို့လို အတောင်ပံတွေရှိပြီး အသွင်ပြောင်းနိုင်တဲ့ ကြွက်တစ်ကောင်နဲ့လည်းတူတယ်။
လက်သည်းချွန်ကြီးတွေ ရှိနေပေမယ့်လည်း ဒီအကောင်လေးက ချစ်ချင်စရာလေး။

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Onde histórias criam vida. Descubra agora