နို့တိုက်နိုင်တာကို ကြိုမပြောဘူး (၇)

10.7K 1.1K 24
                                    

Zawgyi version

ညရဲ့ အချိန်က တစ်ဖြည်းဖြည်း နီးကပ်လာတဲ့ အလျောက် ဟွမ်မင်းနဲ့ ဘုံချွန်းတို့လည်း အကုန်လုံးကို ရှင်းလင်းပြီးသွားပြီ။

အရင်ရက်တွေတုန်းက ဟွမ်မင်းက အစေခံအဝတ်အစား အနည်းငယ်ကိုသာ ဘာကြောင့် ထည့်ခိုင်းခဲ့လဲဆိုတာကို ဘုံချွန်းသဘောပေါက်ခဲ့တယ်။ ဒါပေမယ့်လည်း အဝတ်အစားတွေကို သေချာရွေးကာ သူ့တို့လို အစေခံတွေမှာ ရှိတဲ့ အကောင်းဆုံး အဝတ်အစားတွေကိုတော့ ကြင်ယာတော်ရဲ့ ဂုဏ်အတွက် ရွေးထည့်ပေးရမယ်။

တစ်ဖက်မှာတော့ သူတို့တွေ မထွက်သွားခင် ဘေဘီဟွမ်ဂျွန်းလေးကို ဟွမ်းမင်က စားစရာတွေ အမြန်ကျွေးခဲ့ပြီး ဘုံချွန်း အသိမပေးခင်အချိန်အထိ မျိုးကျဲသူတွေဟာ နို့တိုက်လို့ရမှန်း သူမသိခဲ့ဘူး။ သူသိလိုက်ရတဲ့ အချိန်မှာ ကိုးရိုးကားယားတုံ့ပြန်တဲ့ အပြုအမူကို ဘုံချွန်း မရယ်ပဲ မနေနိုင်ပေ။

အရင်ရက်တွေတုန်းက~~~~

  " ဘုံချွန်း ငါတို့မထွက်သွားခင် ဟွမ်ဂျွန်းလေး အတွက် နို့လေး နည်းနည်း ပြင်ဆင်ပေးပါဦး  "

     " ဟမ်   "

" ဟုတ်တယ်လေ ... တစ်ခုခုမှားနေလို့လား ဘုံချွန်း  "

ဟွမ်မင်းရဲ့ အမေးကို ပြန်ဖြေဖို့ တစ်စုံတစ်ခုပြောရန် ဘုံချွန်း တော်တော်လေး ရုန်းကန်ကြိုးစားလိုက်ရတယ်။

    " သ...သခင်ငယ်လေးကို နို့တိုက်ဖို့ သခင်လေး မစဉ်းစားမိတာလား? "

သူမှာ ရှိတဲ့ သတ္တိတွေ အကုန်လုံးကို စုပြီး အရဲစွန့်ကာ ဘုံချွန်း မေးလိုက်တယ်။ ထိုအခါ ဟွမ်မင်းက တုန်လှုပ်သွားပြီး စိတ်ချောက်ခြားစွာ ပြန်မေးခဲ့တယ်။

      " ဘာ.... ဘာကြီး ...ငါက နို့တိုက်လို့ရတယ်?!! "

    " ဟုတ်တယ်လေ... သခင် မသိခဲ့ဘူးလား  "

  " ငါမသိဘူး  "ဟွမ်မင် စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်ခဲ့တယ်။

အိုး..God...
အခုငါ့ကို ကြည့်ရတာ ငတုံးငအနဲ့တူနေမှာပဲ ...
ငိုးမ စာရေးဆရာ ..ဘာလို့ ငါတို့မသွားခင် ဒီအကြောင်းကို ထုတ်မရေးခဲ့တာလဲ ..ဟမ်..
တကယ်လို့ ငါသာ ကြိုသိနေခဲ့မယ်ဆို ငါ့ကိုကြည့်လိုက်တဲ့အခါ ဒီလိုငတုံးငအနဲ့ တူနေတော့မှာ မဟုတ်ဘူး .... ငါတူမှာ မဟုတ်ဘူးကွ သိရဲ့လား!

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Donde viven las historias. Descúbrelo ahora