ချေးလို ယောကျာ်းနဲ့ ကလေးနာမည်ပေးခြင်း(၃)

12.8K 1.4K 23
                                    

Original Author Note
              အားလုံးပဲ Ch 3 မှာ ဒီရှေးဟောင်း Novel ကို ပြန်လည်ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ပြီးတော့ ဒီNovel ကို Fantasy ပုံစံမျိုး ပြောင်းလဲရေးသားဖို့ စိတ်ကူးရခဲ့ပြီး ပြောင်းခဲ့ရတဲ့အတွက် စိတ်မကောင်းပေမယ့် ဒီထက်ပိုကောင်းလာဖို့ ကြိုးစားသွားပါမယ်

___________

Pwintlwar's  Note

ဒီဇာတ်လမ်းက Fantasy အမျိုးအစားဖြစ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် beastsတွေ မှော်စွမ်းအားတွေ ဘာတွေညာတွေပါ ပါလာတော့မှာပါ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ဇာတ်လမ်းကို မကျော်ဘဲ ဖတ်စေချင်ပါတယ် ကျော်သွားပြီးမှ ဒီbeasts က ဘယ်ကထွက်လာတာလဲတို့ ဒီတစ်ယောက်က ဘယ်တိုင်းပြည်ကလဲလို့ မေးနေမယ့်အစား ကျော်ဖတ်မယ့်အစား မဖတ်ချင်ရင် မဖတ်ပါနဲ့ 😅😅

________________

      အပိုင်း (၃)
ချေးလို ယောကျာ်းနဲ့ ကလေးနာမည်ပေးခြင်း

Zawgyi version

    " ဘုံချွန်း ကလေးငယ်ကို နာမည်ပေးထား ပြီးပြီလား "

ရုတ်တရက် အခန်းဟာ လူတွေသေကုန်ပြီး ဘယ်သူမှမနေကြ တော့တဲ့အတိုင်း တိတ်ဆိတ်ငြိမ်သက်သွားတယ်။ ဘုံချွန်းက ဂနာမငြိမ်ဖြစ်လာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ဟွမ်မင်းရဲ့ဘေးမှာ မတ်တပ်ရပ်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်တယ်။

     " မရှိသေးဘူး သခင်လေး ... လုံသခင်ကြီးက ကလေးရဲ့ နာမည်က မမှည့်ပေးခဲ့ဘူး "

သူရဲ့ သခင်လေးကို ဒီနတ်ဆိုးသခင်ကြီးက အသိအမှတ်မပြုဘဲ ဆက်ဆံခဲ့တဲ့အရာတွေကို ပြန်တွေးမိရင်း ဘုံချွန်း မကျေမနပ်နဲ့ ပြောလိုက်တယ်။

အားး  အဓိကဇာတ်လိုက်က ရက်တော်တော်ကြာတဲ့ အထိ ဒီကိုမလာတာကို ငါမေ့နေခဲ့တာပဲ ... အဲ့ဒီ မိမစစ်ဖမစစ်ကောင်က အနည်းဆုံး သူ့ကလေးကိုတော့ လာကြည့်သင့်တယ်လေ...

အခုလို ရှုပ်ထွေးတဲ့ အရာတွေ ဖြစ်လာတာကြောင့် ဟွမ်မင်း သက်ပြင်းကို အရှည်ကြီးချလိုက်တယ်။

တောက် !! ဟာကွာ... စဉ်းစားကြည့်လေ အသည်းပေါက်လေပဲ !

ပထမအနေနဲ့ ငါလေး လှေကားပေါ်က ပြုတ်ကျပြီး သေသွားတယ် ....
ဒုတိယ အနေနဲ့ကျတော့ ဘဝကူးပြောင်းပြီး ငါအကြိုက်ဆုံး Novel ထဲရောက်လာတာပဲ ...
ဒီလောက်ထိက အဆင်ပြေသေးတယ် မဆိုးသေးဘူး..

နတ်ဆိုးရဲ့ကြင်ယာတော်က ထွက်ပြေးနေတယ်!! ((Myanmar Translation )Where stories live. Discover now