[ Zawgyi ]
Minyeon 's pov
မှတ်မိသေးတယ် မြတ်နိုးရတဲ့ လူသားလေးကို စတွေ့ခဲ့တဲ့အချိန် အသက်မပါတဲ့ အပြုံးတွေ ဝမ်းနည်းရိပ်သန်းနေတဲ့ ခပ်ဆွေးဆွေးမျက်ဝန်းညို
ကျောလယ်လောက်ထိ ရှည်ပြီး ကပိုကရို ဖြစ်နေတဲ့ ရွှေအိုရောင်ဆံပင်တွေ ခဏခဏ သက်ပျင်းတွေသာ ချနေခဲ့တဲ့သူမ
သူမရဲ့ အရှေ့မှာတော့ ကျွန်မရဲ့ ချစ်လှစွာသော တစ်ဦးတည်းသော အစ်မ နဲ့ ကျွန်မအစ်မရဲ့ ရည်းစားဖြစ်သူက သူမနဲ့ ရေပက်မဝင်အောင် စကားပြောနေခဲ့တယ်
ထိုင်စရာနေရာဆိုလို့ သူမဘေးပဲရှိတော့၍ သူမဘေးမှာ ဝင်ထိုင်ခဲ့တယ် ပြီးတော့ အစ်မက ကျွန်မနဲ့ သူမကို မိတ်ဆက်ပေးခဲ့တယ်
သိပ်လှလိုက်တဲ့နာမည်လေး Park Chaeyoung တဲ့လေ ကျွန်မနာမည်ကို အစ်မက ပြောပြတော့ ကျွန်မကို အသက်မပါတဲ့ ဟန်ဆောင်အပြုံးတွေနဲ့ ပြုံးပြရင်း လက်ဆွဲနှုတ်ဆက်ခဲ့တယ်
တစ်ချို့ ဟန်ဆောင်အပြုံးတွေကလဲ သိပ်လှပလွန်းပါတယ် ကျွန်မကိုယ်တိုင်က ထိုဟန်ဆောင်အပြုံးတွေနဲ့ ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းတစ်စုံကို စွဲလမ်းမိခဲ့တယ်
သူမနဲ့ ကျွန်မက 3 နှစ်တောင် အသက်ကွာတယ် သူမရဲ့ English name က Rose တဲ့ ကျွန်မတို့ ညီအစ်မက သြဇီမှာ ကျောင်းလာတက်ကြတာ သူမကတော့ ဒီကိုရောက်နေတာ အတော်ကြာပြီပြောတယ်
ကျွန်မသိပ်မြတ်နိုးရတဲ့ ပန်းလေးကိုပိုင်ဆိုင်ခွင့်ရဖို့အတွက် ခွန်အားနည်းတဲ့ ဒီလိပ်ပြာငယ်က ကြိုးစားခဲ့တယ်
ကျွန်မက မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါ ရှိတယ်လေ ပြီးတော့ ကျန်တဲ့ရောငါ အနည်းငယ်လဲရှိနေပြန်တယ် ကျွန်မမြတ်နိုးတဲ့ ပန်းလေးက ကျွန်မဘယ်လောက်ပဲ ကြိုးစားကြိုးစား တုံ့ပြန်ခြင်းမရှိခဲ့ဘူး
နဂိုကတည်းက အားနည်းတဲ့ လိပ်ပြာငယ်ကမြတ်နိုးရတဲ့ ပန်းလေးကြောင့် ရေပန်းအောက်မှာ အကြာကြီးထိုင်ငိုခဲ့ဖူးတယ်
တစ်ဖြည်းဖြည်း ကျွန်မရဲ့ ကျန်းမာရေးအခြေနေက ပိုဆိုးလာခဲ့တယ် နှလုံးကတော့ အဆိုးဆုံးအခြေနေကိုရောက်နေပြီး ခွဲစိတ်ဖို့ မဖြစ်နိုင်တော့ဘူး
DU LIEST GERADE
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...