[ Zawgyi ]
" Jiji ကိုလွတ်ပေးပါ chaeyoung shi ဒါမသင့်တော်ပါဘူး Jiji က Hyo နဲ့လက်ထပ်မယ့်သူဆိုတာလေးလဲ သတိရပေးပါအုံး ပြီးတော့ Chaeyoung shi မှာလဲ ရည်းစားရှိပါတယ် ဒါမသင့်တော်ပါဘူး လွတ်ပေးပါ "
Hyo ကအလုပ်ကိစ္စနဲ့ ခရီးသွားနေရတာ နှစ်ရက်ရှိနေပြီ ကိုယ်စားလှယ်ဖြစ်တဲ့ Young နဲ့ပဲ ကုမ္မဏီ ကိစ္စတွေကို တိုင်ပင်ရတယ်
ဒီနေ့တော့ Jiji က အိမ်မှာပဲ အလုပ်လုပ်နေတာဖြစ်တယ် Young က အလုပ်ကိစ္စ တိုင်ပင်စရာရှိလို့ဆိုပြီး Jiji အိမ်ကို ရောက်နေတာဖြစ်ပြီး
အခု Jiji ကိုနောက်ကနေ သိုင်းဖက်ထားတာဖြစ်သည် လွတ်ပေးဖို့ပြော၍လဲမရ ။
" Noono စကားများလွန်းတယ် ဒီအတိုင်းလေး ခဏနေပေးပါ စကားထပ်ပြောရင် နမ်းပစ်မယ် "
နမ်းပစ်မယ်ဆိုသော Young ရဲ့စကားကြောင့် ဘာမှထပ်မပြောတော့ပဲ ငြိမ်နေပေးလိုက်ရသည် ဒါမဖြစ်သင့်ဘူးမဟုတ်ပါလား..
" တစ်ကယ်တော့လေ Minyeon ကို Young ညီမလေးတစ်ယောက်အပြင်မပိုဘူး Jennie ကြောင့်သာ.."
ဆက်မပြောပဲငြိမ်နေတဲ့ Young ကြောင့် မနေနိုင်စွာ မေးလိုက်မိသည်
" Chaeyoung shi စပ်စုတယ်လို့တော့ မထင်ပါနဲ့ Jennie shi ကြောင့် ဘာဖြစ်လို့လဲဟင် "
" စကားမပြောပါနဲ့ဆိုတာကို နောက်တစ်ခါပြောရင် တစ်ကယ်နမ်းမှာနော်.Soo မလုပ်ရဲဘူးမထင်နဲ့ "
Young ကခဏနားကာ.ဆက်ပြောသည်
" Minyeon ကကျန်းမာရေးမကောင်းဘူး ပြီးတော့ သူကခေါင်းမာတယ် Minyeon က Jen ရဲ့ညီမလေ Minyeon က Young ကိုကြိုက်နေမှန်းသိတော့ Jen ကသူ့ညီမလေး စိတ်ချမ်းသာအောင်.မချစ်တောင် တွဲပေးဖို့ တောင်းဆိုထားတယ်လေ "
" ပြီးတော့ အမှန်တစ်ကယ် Soo နဲ့လက်ထပ်မယ့် Unnie နေရာမှာ Young ဖြစ်ရမယ့်ဟာကို "
Jiji ရဲ့ လည်ပင်းကို Young က ခပ်ဖွဖွနမ်းရင်း ပြောနေတယ် တစ်ချက်တစ်ချက် အညိုရောင်အမှတ်သား ပေါ်သည်အထိ ကိုက်နေသော Young ကြောင့် Jiji စိတ်ထဲ တစ်မျိုးဖြစ်ရပြန်တယ်
" Chaeyoung shi တော်ပါတော့ နာတယ် "
ပြောလေ ပိုဆိုးလေ ဖြစ်လာသော Young ကြောင့် မနေနိုင်စွာ တင်းခံထားသည့်ကြားက ငြီးမိတော့ young ကရယ်သည်
ŞİMDİ OKUDUĞUN
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Hayran Kurguအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...