[ Zawgyi ]
" ဟုတ်ပါတယ် Unnie Jaw က Kim Minyeon ပါမှတ်မိသေးတာပဲ "
Young ကိုကြည့်တော့ တောင်းပန်တဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေတယ် အခုတစ်လော young က Jiji အိမ်မှာလာနေတာများသည်
" Jennie တို့က ဒူဘိုင်းကို CF တစ်ခုအတွက်သွားတယ် Minyeon က Jennie တို့ပြန်မရောက်ခင်အထိ Noona အိမ်မှာနေရလိမ့်မယ် အဆင်ပြေရဲ့လား "
Jennie ဆိုသူမှာလဲ သူတို့ကိုယ်ပိုင်အိမ်ရှိတာပဲ ဘာလို့ Jiji အိမ်ကိုလာနေခိုင်းရတာလဲ?
စိတ်ထဲမှာတော့ မေးခွန်းမြောက်များစွာရှိနေပေမယ့် young စိတ်ရှုပ်မှာဆိုးလို့ ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်ရသည်" Minyeon shi ကိုယ့်အိမ်လိုသဘောထားပြီး သက်တောင့် သက်တာပဲနေမှာ Jiji ကိုအားနာစရာမလိုဘူး young Minyeon shi အတွက် စီစဉ်ပေးလိုက်တော့ Arjima တို့ကို တစ်ပတ်ခွင့်ပေးထားလို့ သူတို့လတ်တလော အိမ်မှာမရှိဘူး "
Arjima တို့ လတ်တလောအိမ်မှာမရှိဘူးဆိုသည့် စကားကို Jiji ပြောလိုက်တော့ Kim Minyeon ရဲ့ နှုတ်ခမ်းတွေက ပြုံးယောင်သန်းသွားတာကို မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်
.....
....." Young လွမ်းနေခဲ့တာ သတိရနေခဲ့တာ "
ညစာ စားဖို့ young ကိုလာခေါ်တဲ့အချိန် အခန်းတံခါးက ပွင့်နေသည်မို့ ဝင်သွားဖို့ပြင်ခဲ့ပေမယ့် တစ်ဆက်တည်း ကြားလိုက်ရသည့် စကားကြောင့် တံခါးရှေ့မှာတင် ရပ်နေမိတယ်
အခန်းထဲကို လှမ်းကြည့်တော့ Kim Minyeon က Young ကိုဖက်နေရင်း စကားပြောနေတယ် young ကမရုန်း..
" သိပ်ချစ်တာပဲ Rosie "
ပြောရင်း Kim Minyeon က young နှုတ်ခမ်းကို ဖြတ်ခနဲ နမ်းလိုက်တယ် ထိုမြင်ကွင်းကိုမြင်လိုက်ရတော့ မျက်လုံးအိမ်အတွင်းက မျက်ရည်တို့ဟာ.မဖိတ်ခေါ်ပဲ ကျဆင်းလာခဲ့တယ် နှလုံးသားရှိရာ ဝဲဘက် ရင်အုံကနေ တင်းကျပ်လာသလိုမျိုးခံစားရပြီး မီးစနဲ့ ထိုးလိုက်သလိုမျိုး ပူလောင်နာကျင်ရတယ်
......
......" Toni Young ရှိတယ်မလား "
Young ၏ အတွင်းရေးမှူုးုဖြစ်သူကို မေးတော့ မျက်နှာပျက်နေတာကို တွေ့ရတယ်
YOU ARE READING
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...