part 5

2.8K 282 22
                                    

[ Zawgyi ]

" Daddy !!Mommy !! "

Young တို့ ညီအစ်မ နှစ်ယောက်စလုံးက ကလေးဆန် ကြသည် အခုလည်းကြည့် အိမ်ရောက်ရောက်ခြင်း OhShin Ahjushi နဲ့ Sonri Arjima ကို ဖက်ကာ ကလေးလေးတစ်ယောက်လိုပင် ချွဲနေသည်

* နှစ် 20 လုံးလုံး ငါကသာ လွမ်းဆွေးနေပြီး ခံစချက်ပေါင်းများစွာနဲ့ နေခဲ့ရတာပဲ သူကတော့ ဘာမှ မဖြစ်သလိုပါပဲလား... ငါက သူ့အတွက် ငယ်ငယ်က ခင်မင်ခဲ့တဲ့ အစ်မကြီးတစ်ယောက်အပြင် မပိုခဲ့ဘူးလား .. *

" Soo "

ပခုံးကို ကိုင်လှုပ်ကာ ' Soo ' ဟု ခေါ်လာတဲ့ အသံကြောင့် အတွေးစတို့ ပျယ်ပျောက်သွားရ၏....

" ဟင် ပြောလေ Hyo "

" Soo နေမကောင်းဘူးလား မျက်နှာလည်း သိပ်မကောင်းပါလား "

ပြောကာ နဖူးနဲ့ လည်ပင်းကို ထိတွေ့လာတဲ့ Hyo ရဲ့ လက်ဖဝါးနုနုလေး

* ဟုတ်တယ် Hyo ကသာ ငါချစ်ရမယ့်သူ ငါဇနီးဖြစ်လာမယ့်သူ Young မဟုတ်ဘူး *

" ကိုယ်လည်း မပူပါဘူး "

" ကိုယ်တစ်ကယ်ဘာမှ မဖြစ်ပါဘူး Hyo "

" Mommy နဲ့ Daddy မနက်ဖြန်ကြရင် သမီးပြောခဲ့ဖူးတဲ့ သမီးရဲ့ Girlfriend ရယ် သမီး friend နှစ်ယောက်ရယ်.သူတို့သုံးယောက် korea ကိုအလည်လာကြမှာ အဲ့တာ သမီးတို့ အိမ်မှာပဲ တည်းခိုင်းလို့ရတယ်မလား "

* Girl...Girlfriend? Young မှာ မိန်းကလေး ချစ်သူရှိနေခဲ့တာလား ယောက်ျားလေး မဟုတ်ပဲ မိန်းကလေး... ဟုတ်တာပေါ့ Young က သြစတေးလျ မှာပဲ နေခဲ့တော့... ထိုမိန်းကလေးနေရာမှာ ငါသာဆိုရင်... *

" ဟိုလေ ဒီက Unnie က younghyo Unnie နဲ့စေ့စပ်ထားတဲ့သူလားဟင် "

* အဲ့ဒီ အသံချိုချိုလေးနဲ့ Noona လို့ တစ်ခါလောက်ပဲ ထပ်ခေါ်လို့မရတော့ဘူးလား... *

" ဟုတ်ပါတယ် Chaeyoungshi ကိုယ့်ကိုလည်း အစ်မအရင်းတစ်ယောက်လို သဘောထားပြီး အကူညီလိုတာရှိရင်ပြောပေါ့ ဒါက ကိုယ့်ရဲ့ လိပ်စာကဒ် "

မျက်လုံးရှေ့ရောက်လာသော.ကဒ်လေးကို သေချာကြည့်ပြီး အံ့သြမင်သက်မိသွားသည် ဟုတ်သည်လေ ကိုယ်အပါအဝင် သူငယ်ချင်းတစ်သိုက်အကြိုက်ဆုံး Brand တစ်ခုဖြစ်တဲ့ Channel ရဲ့ CEO က younghyo Unnie နဲ လက်ထပ်မယ့်သူ ဆိုတော့ လည်း.........

မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]Donde viven las historias. Descúbrelo ahora