[ Zawgyi ]
သူမအခုဘယ်ကိုရောက်နေလဲ..သူမကိုယ်မှာဝတ်ဆင်ထားသည့်အဖြူရောင်ဂါဝန်နဲ့အတူ အလင်းရောင်နဲ့တူသည့်အရာတစ်ခုမှမရှိသည့် အမှောင်ထု..
" ဒီမှာတစ်ယောက်ယောက်ရှိနေလား "
သူမအရဲစွန့်ကာအော်ပြောလိုက်ပေမယ့်ပဲ့တင့်သံသာထွက်လာတယ် ပြီးတော့ ဝူးဝူးဝါးဝါးအသံတွေက နားထဲကိုရောက်လာတယ်
ပြီးတော့ သစ်တောတစ်ခုထဲကိုရောက်သွားပြန်တယ် လူသုံးယောက်စာအရပ်ထက်ကိုပို၍ မြင့်မားတဲ့သစ်ပင်တွေ ဆူးတွေပါတဲ့ခြုံနွယ်တွေနဲ့ နွယ်ပင်တွေက သစ်ပင်တိုင်းကိုရစ်ပတ်ထားတယ်
တစ်ချက်တစ်ချက် ကျားဟိန်းသံ မျောက်တွေရဲ့အော်သံ မြွေရဲ့အသံ သမင်တွေရဲ့ခြေသံတွေကိုပါကြားနေရတယ် ဒီတောလယ်ကြီးထဲသူမတစ်ယောက်ထဲ ကြောက်လွန်း၍ ချွေးစေးတွေပါပြန်လာသည်
ကျားတစ်ကောင်ကသူမအရှေ့ကိုရောက်လာရင်း ဟိန်းတယ် ပြီးတော့ သူမဆီကိုပြေးကာခုပ်အုပ်လာတယ် ကြောက်လွန်း၍ မျက်စိကိုသာစုံမှိတ်ထားလိုက်တယ်သို့သော် ဘယ်အရာမှမကျရောက်လာ..။
ပြီးတော့ ရွှေရောင်တောက်ပနေတဲ့ ဘိမာန်တော်ကြီးတစ်ခုကိုမြင်နေရတယ် သူမဘေးကနေ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အတောင်ပံတွေပါရှိနေတဲ့ သတ္တဝါတစ်ချို့ကဖြတ်သွားတယ်
" Hyo "
သူမရှေ့မှာလာရပ်ရင်း ပြုံးပြနေတဲ့ သူကြောင့် ခေါ်နေကြစကားစုတစ်ခုဟာနှုတ်ကနေအလိုလိုထွက်ကျလာတော့ ထပ်မံပြုံးပြပြန်တယ် Hyo ရဲ့ဆံပင်တွေကရှည်နေပြီ အဖြူရောင်အတောင်ပံတစ်ခုနဲ့ ဆံပင်အရှည်ကလွဲပြီး Hyo ပါပဲ
" အချိန်မတန်သေးဘူးလေ အချစ်ရယ် "
Hyo ကသူမနားမလည်နိုင်တဲ့စကားကို ပြုံးရင်းပြောပြတယ် မျက်ဝန်းထဲမှာတော့ဝမ်းနည်းနာကျင်မှု့နဲ့အပြည့်
" ပြန်သွားပါ Hyo ဆီကိုလာဖို့အချိန်မတန်သေးဘူးအချစ်ရဲ့ "
Hyo ကနောက်တစ်ခါဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ပြုံးရင်းထပ်ပြောတယ် မေးဖို့ဟန်ပြင်လိုက်ချိန်မှာပဲ Hyo ဘေးနားကိုလာရပ်တဲ့အမျိုးသမီးတစ်ယောက်ကြောင့် သူမဆွံ့အသွားတယ်
YOU ARE READING
မုန်တိုင်းထဲမှ ချစ်လိပ်ပြာ [ COMPLETE ]
Fanfictionအချစ်ဆိုတာက မီးလိုမျိုးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး..။ [ Zawgyi × Unicode ] အချစ်ဆိုတာက မီးလိုမျိူးပူလောင်တယ်တဲ့ လိပ်ပြာငယ်ကတော့ အချစ်ဆိုတာကိုပိုင်ဆိုင်ရဖို့ မုန်တိုင်းတွေကိုတောင်မမူခဲ့ဘူး...